Home
မြန်မာသတင်း
ဝန်ကြီးဌာနသစ်ဖွဲ့စည်းရန် ဧရာဝတီတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ
သော်ဇင်မျိုး
·
July 1, 2019
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန အသစ်ဖွဲ့စည်းဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇူလိုင် ၂ ရက်မှာ ခေါ်ယူထား တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ လွှတ်တော်ကျင်းပနေတဲ့ တခြားတိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာတော့ ဝန်ကြီးဌာန အသစ်ဖွဲ့စည်းတာနဲ့ ဝန်ကြီးခန့်အပ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အနေနဲ့ လွှတ်တော်ရပ်နဲ့ထားတာကြောင့် အရေးပေါ်အစည်းအဝေး ၃ ရက် ခေါ်ယူ ရတာဖြစ်တယ်လို့ပြောပါတယ်။ အဲ့ဒီ အရေးပေါ်အစည်းအဝေးမှာပဲ ဝန်ကြီးဌာနဖွဲ့စည်းပြီး ဝန်ကြီးသစ်ခန့်အပ်ဖို့ ရွေးချယ် အတည်ပြုတာကိုလည်း တခါတည်းလုပ်ဆောင်သွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကတော့ ၀န်ကြီးဌာနသစ် ဖွဲ့စည်းဖို့ သမ္မတရဲ့ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ပယ်ချထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024