A d v e r t i s e m e n t With Us

LGBT အရေး ဆာဂျွန်တန်၏ ဝေဖန်မှုကို ရုရှားသမ္မတပူတင် တုံ့ပြန်

LGBT အခွင့်အရေးနဲ့ပတ်သတ်လို့ သူ့အပေါ်ဝေဖန်ခဲ့တဲ့ အဆိုတော်ကြီး ဆာအယ်တန်ဂျွန်ရဲ့ ဝေဖန်မှုဟာ မှားယွင်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တုံ့ပြန်လိုက်ပါတယ်။ ရုရှားခေါင်းဆောင်က အနောက်အုပ်စုဟာ LGBT အရေးကို ထုံးတမ်းအစဉ်အရဖြစ်တဲ့ မိသားစုတန်ဖိုး တခုအနေနဲ့ အရမ်းကို အသားပေးလွန်းနေတယ်လို့ ဝေဖန်ခဲ့ဖူးပြီး ဒီဝေဖန်မှုကြောင့် ဆာအယ်တန်က ပူတင်ကို ပုတ်ခတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုဝေဖန်ခံခဲ့ရပြီးနောက်မှာ ပူတင်က “ကျနော်သူ့ကိုအပြည့်အဝ လေးစားပါတယ်။ သူကဂီတပညာရှင်တစ်ဦးပါ။ ကျနော်တို့ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို နှစ်သက်ပါတယ်။ ဒါပေမယ့် LGBT အရေးနဲ့ ပတ်သတ်လို့ သူ ကျနော့်ကိုဝေဖန်တာတော့ မှားယွင်းနေပါတယ်” လို့ပြောပါတယ်။ ဆာအယ်တန်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကို မကြာသေးခင်က ရုရှားနိုင်ငံမှာ ပြသခဲ့ပြီး ဒီရုပ်ရှင်ထဲမှာပါဝင်တဲ့ ဂေးလ်အချစ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အခန်းအချို့ကို ရုရှားဆင်ဆာအဖွဲ့က ဖြတ်တောက်ခဲ့ပါတယ်။ ပူတင်က “ဒီလိုဖြတ်တောက်လိုက်တာဟာ နိုင်ငံတွင်းမှာရှိတဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့ အတွက် ရည်ရွယ်တာ” လို့ပြောပါတယ်။ “ကလေးတွေကို အရင်ဆုံး အရွယ်ရောက်ခွင့်ပေးလိုက်ပါ။ ပြီးတော့မှ သူတို့ဘာသာ ရွေးချယ်ပါစေ။ ကလေးတွေ ငြိမ်းချမ်းစွာ အရွယ်ရောက်ပါစေ” လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။ ဒီတုံ့ပြန်မှုမတိုင်ခင် ဆာဂျွန်တန်က သူဟာပူတင်ရဲ့ Financial Times သတင်းဌာနနဲ့ အင်တာဗျူး ကြောင့်အလွန်အမင်း စိတ်ပျက်ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီအင်တာဗျူးအစီစဉ်မှာ ပူတင်က အမျိုးသမီးချင်း ချစ်ကြိုက်တဲ့အလေ့အထကို လူသား သန်းပေါင်းများစွာရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနဲ့ မိသားစုတန်ဖိုးတွေ အပေးဖုံးလွမ်းသွားမှာကို ခွင့်မပြုသင့်ဖူးလို့ ပြောခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up