ရင်ဖွင့်စာ
DVB
·
June 30, 2019
ရေကြည်မြို့နယ်က အနံ့ဆိုးများ ကျမတို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျန်းမာရေးဌာနက အနံ့ဆိုးများ ကိစ္စ တင်ပြချင်ပါတယ်။ ရေကြည်မြို့နယ် ကုန်းပြင် ကျန်းမာရေး ဌာန ဝန်းအတွင်းမှာ  ၂ မိုးကျော် ၃ မိုးပင် ဖြစ်ခဲ့ပါပြီ။ မိုးရွာတိုင်း ရေဆိုး ရေညစ် အနံ့ဆိုးတွေကြာင့် ရပ်ကွက်နေ ပြည်သူအများ ကျန်းမာရေး ထိခိုက်နေရလို့ တာဝန်ရှိသူတွေက အမြန်ဆုံး လာရောက် ဖြေရှင်း ဖော်ဆောင်ပေးဖို့ ဒီဗွီဘီကတဆင့် ရေးသားလိုက်ရပါပါတယ်။ ဝိုင်းစိန်   ကျေးရွာပြည်သူ့စစ်အဖွဲ့ဆိုပြီး လယ်သိမ်းလို့ရသလား ကျနော်တို့ ရွာလေးမှာ လက်ရှိ ဖြစ်နေတဲ့ အရာလေးတွေပါ။ သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှ အာဏာရှိသူတွေက မြေတွေပြန်သိမ်းနေပါတယ်။ (၁၆) နစ် တိုင်တိုင် လုပ်နေသူတွေကို မောင်းထုတ်နေပါတယ်။ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဆိုပြီး လယ်သိမ်းလို့ ရပါသလား။ တာဝန်ရသူတွေ သိစေချင်ပါတယ်။ Ag Kyaw Kyaw   တိုက်ကြီးမြို့မဈေး ကျးကျော်ဆိုင်များ ဖယ်ရှားပေးပါ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မဈေးအတွင်း ဈေးရုံ( ၁၂) ရှေ့ ဈေးလမ်းမကြီးပေါ်မှာ တရားမဝင် ဈေးဆိုင်ခန်းများ အခိုင်အမာ နေရာချပေးထားပါသောကြောင့် အရေးပေါ် မီးသတ်ကားတွေ ဝင်ထွက်ဖို့ ခက်ခဲခြင်း၊ လျှပ်စစ်အန္တာရယ် စိုးရိမ်ရခြင်း၊ အမိုးအကာများအား ရုံ(၁၂) သို့ အရောက်ချိတ်ဆွဲသဖြင့် ဈေးရုံအတွင်းရှိ ဆိုင်ခန်းများမှာ အလင်းရောင်ကောင်းစွာ မရရှိခြင်း၊ လေဝင်လေထွက်မရရှိခြင်း၊ ချိတ်ဆွဲထားသော တာပေါ်လင် အမိုးစများကြောင့် မီးဘေးစိုးရိမ်နေရပါသည်။ အများပိုင်လမ်းမများတွင်သာမက တိုက်ကြီး မြို့မ ဈေးအတွင်း၌ပင်လျှင် အခိုင်အမာကျူးကျော်ထားသော ဆိုင်ခန်းများ ရှိနေပါကြောင်းနှင့် အဆိုပါ ဈေးအတွင်းရှိ ကျူးကျော်ဆိုင်ခန်းများအား ဖယ်ရှားပေးပါရန် အကူညီတောင်းလိုက်ပါသည်။ အမည်မဖော်လိုသူတဦး   ရာထူးတိုးပြောင်းအတွက် ပိုက်ဆံတောင်းနေ   ကျနော်က ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ပညာရေးဝန်ထမ်းပါ။ မြို့နယ်မှာ ဝန်ထမ်းရေးရာဌာန ရာထူး တိုး/ပြောင်း တွေမှာ ခရိုင်တွင်း၊ တိုင်းတွင်းတင်ရင် ဝန်ထမ်းတယောက်ကို ၉ ထောင်တောင်းပါတယ်။ ဖုန်းဆက်ပြီးတောင်းပါတယ်။ ဒါ့အပြင် ဆယ်တန်းအောင်လက်မှတ် ဘွဲ့လက်မှတ် မရှိသေးသည့် ဆရာမများကိုလည်း လက်မှတ်တခုလျှင် ၃ သောင်းတောင်းပါသည်။ တိုး/ပြောင်းနေရာ များကိုလည်း အိမ်သို့ ခေါ်၍ ပိုက်ဆံတောင်းပါသည်။ မိမိကိုယ်တိုင် ကြုံတွေခဲ့ရပါသည်။ ၄င်းလုပ်ရပ်များကို အမြန်ဆုံး ပြုပြင်ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြိးနှင့်ပညာရေးဝန်ကြီးသိအောင် တင်ပြလိုက်ပါသည်။ ပညာရေးစေတမန်   ၅ နှစ်ကြာသည်အထိ မပြုပြင်ပေးသေးသည့် ယုဇနဥယျဉ်မြို့တော်က ဆက်သွယ်ရေးတိုင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့ ၉၄ ရပ်ကွက် ယုဇနဥယျဉ်မြို့တော်ကပါ။ ယုဇနဥယျာဉ်မြို့တော် ၁၀ လမ်း B တိုက် ၂၈ ဘေးမှာ ဆက်သွယ်ရေးတိုင်တစ်တိုင် မိုးကြီးတဲ့ ည တညမှာ ယိုင်နဲ့ခဲ့ပါတယ်။ လွန်ခဲ့သော ၅ နှစ်ခန့်မှ စပြီး ရပ်ကွက်လူကြီး လမ်းလူကြီး သက်ဆိုင်ရာ ဆက်သွယ်ရေးဌာနများကို အကြောင်းကြားပါသော်လည်း ယနေ့ထက်ထိ ယိုင်နဲ့တိမ်းစောင်းနေဆဲဖြစ်ပါသည်။ ဒီတိုင်ဟာ ထပ်မံပြိုလဲရင် ကြိုးများ လူသွားလမ်းပေါ်ပြတ်ကျ အန္တရာယ်ရှိနိုင်ပြီး တိုင်နှင့်ကပ်လျက်ရှိသော တိုက် ၂၈ ပထမထပ်မှာ တိမ်းစောင်းနေသော ဆက်သွယ်ရေးတိုင်မှ ကြိုးများကြောင့် ပြတင်းပေါက်များ ဖွင့်မရသည်မှာ နှစ်အတန်ကြာပါပြီ။ ပြင်ဆင်ပေးကြပါရန် တင်ပြလိုက်ရပါသည်။ ယုဇနဥယျဉ်မြို့တော်နေသူတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024