Home
မြန်မာသတင်း
စစ်တိုင်း ၅ ခုတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် အချိန်၂ လ ထပ်မံတိုးမြှင့်
ပိုင်စိုး
·
June 30, 2019
72thMilitaryDayNPT2703201720-622x417
စစ်တိုင်း ၅ ခုမှာ စစ်ရေးဆိုင်ရာလှုပ်ရှားတာကို နောက်ထပ် ၂ လ ရပ်ဆိုင်းလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။  ပြီးခဲ့တဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးထားတဲ့ကာလမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေမျိုးမှာ တပ်မတော်အနေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် တ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံကြည်မှုအပြည့်နဲ့ အခုထက်ပိုပြီး ဆောင်ရွက်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုမှာ စစ်ရေးဆိုင်ရာလှုပ်ရှားတာတွေကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ  ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းခဲ့ပြီး ဇွန် ၃၀ ရက်အထိ ထပ်တိုးထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲ မှာတော့ တပ်မတော်အနေနဲ့ အပစ်အခတ်တိုက်ခိုက်မှုရပ်ဆဲရေးကာလ ထပ်တိုး၊ မတိုးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားသွားမယ်လို့ တပ်မတော်ဘက်က ပြောခဲ့ပါတယ်။ အပစ်ရပ် တိုင်း ၅ တိုင်းမှာရှိတဲ့ အန်စီအေထိုးဖို့ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဒီကာလထဲမှာ အမြန်ဆုံး လက်မှတ်ထိုးဖို့ ညှိနှိုင်းဆွေးနွေးနိုင်အောင် ဆောင်ရွက်တဲ့ အချိန်မှာ နေရာကိုအကြောင်းပြပြီး ဆွေးနွေးပွဲ လုပ်လို့မရသေးတာတွေ ရှိတာကြောင့် တကယ် ရော  ငြိမ်းချမ်းရေးလုပ်ဖို့ ဆန္ဒရှိရဲ့လားဆိုတာကို ပြန်ပြီးတော့ မေးခွန်းထုတ်ရမလို ဖြစ်နေတယ်လို့ လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024