Home
မြန်မာသတင်း
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမူကြမ်းကို မုံရွာမြို့တွင် ကန့်ကွက်ဆန္ဒပြ
Aung Ko Latt
·
June 30, 2019
65919920_103927160907798_34107808471318528_o
65697572_103928034241044_8578816871585808384_o
65663098_103928304241017_1840058199714037760_o
65318401_103927560907758_1241230211215785984_o
65292168_103927364241111_1265197662030790656_o
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ကန့်ကွက်ဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန်လ ၃၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို မုံရွာအပြင် ချောင်းဦး၊ အရာတော်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဘုတလင် စတဲ့ မြို့နယ်တွေက ပါတီဝင်စုစုပေါင်း ၄၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ “ဒီဥပဒေကြမ်းက ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ကျော်လွန်တယ်လို့ ယူဆရတဲ့အတွက် ဒီဥပဒေကြမ်းကို လမ်မခံနိုင်လို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ကျမတို့ ပါတီရဲ့ မူဝါဒကတော့ ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားတယ်။ လက်ရှိ ဥပဒေကြမ်းက အမျိုးသားရေးကို ကျော် လွန်တယ်။ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ကျော်လွန်နေတယ်။ ဒါကို လက်မခံနိုင်ဘူး။ ပါတီဥက္ကဋ္ဌကြီး ကိုယ်တိုင်ကလည်း ဒါကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ဆန္ဒပြ မယ်လိုလည်း ပြောထားတယ်။ ဒါကြောင့်လည်း အခုလို ကန့်ကွက်တာပါ” လို့ စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်ကြူကြူသန့်က ပြောပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဇွန်လအစောပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တဲ့ ၂၆ ပါတီက ကန့်ကွက်တဲ့အနေနဲ့ သဘောထားကြေညာချက်တွေလည်း ထုတ်ပြန် ထားပါတယ်။  အခုလို ဆန္ဒပြပွဲလုပ်ရတာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို လျစ်လျူရှုပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြရတာလို့ မြို့နယ်ပါတီဥက္ကဋ္ဌတဦးက ပြောပါတယ်။ “ကလေးမွေးစားမှုဥပဒေကို ဖြည့်စွက်လိုက်တာ အဓိကကတော့ နိုင်ငံတော်နှင့် လူမျိုးအတွက် နောင်သားစဉ်မြေးဆက် ရေရှည်အကျိုးစီးပွားအတွက် မရှိသင့်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် ကန့်ကွက်တာပါ။” အတည်ပြုထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်း ပြန်လည် စိစစ်ပေးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေ ကာကွယ်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024