Home
မြန်မာသတင်း
မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေဟု မိုးဇလထုတ်ပြန်
DVB
·
June 30, 2019
66057481_1336187396536335_8537914923068424192_n
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာ ကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန်ရာနှုန်း ၈၀  ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်၊ ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း မုတ်သုံလေဆက်လက် အားကောင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာမှာဖြစ်ပြီး နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024