အမေရိကန်ဝင်ရောက်ရန် ကြိုးပမ်းရင်း သမီးနှင့်ခင်ပွန်း ဆုံးရှုံးခဲ့ရသူ မိခင်နိုင်ငံ ပြန်ရောက်

အမေရိကန်နိုင်ငံထဲ ၀င်ရောက်ဖို့ ကြိုးပမ်းရင်း သမီးနဲ့ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အယ်ဆာဗေဒိုနိုင်ငံသူ တန်နီယာ ဗာနက်ဆာဗာလို့စ်ဟာ ဇွန် ၂၈ ရက်နေ့က မိခင်နိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဗာနက်ဆာဟာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က ရေစီးသန်တဲ့ အမေရိကန်- မက္ကဆီကိုနယ်စပ် ရီယိုဂရန်းဒေးမြစ်ကို ဖြတ်ရင်း ရေစီးနဲ့ မျောပါသွားခဲ့တာပါ။ မိတ်ဆွေတွေရဲ့ ကယ်ဆယ်မှုကြောင့် သူဟာ ကံကောင်းထောက်မပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ၂ နှစ်အရွယ် သမီးဖြစ်သူနဲ့ ခင်ပွန်းတို့ကတော့ ရေနစ် သေဆုံးခဲ့ပါတယ်။ ဗာနက်ဆာဟာ အယ်ဆာဗေဒိုနိုင်ငံခြားရေး ဒုဝန်ကြီးနဲ့အတူ လေဆိပ်ရောက်လာခဲ့ပြီး ဒုဝန်ကြီးက နိုင်ငံသားတွေကို အထောက်အထားမရှိဘဲ အန္တရာယ်များတဲ့ အမေရိကန်ခရီးကို မသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဗာနက်ဆာရဲ့ ခင်ပွန်းနဲ့ သမီးတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ မက္ကဆီကိုကနေ ကုန်းလမ်းနဲ့ ပို့ဆောင်ပြီး ဇွန်လ ၃၀ ရက်မှာ အယ်ဆာဗေဒိုကို ရောက်ရှိမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အယ်ဆာဗေဒို သားအဖနှစ်ဦး ရေနစ်သေဆုံးတဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက အဲဒီဓာတ်ပုံကို ၂၀၁၅ ခုနှစ်က မြေထဲပင်လယ်အတွင်း ရေနှစ်သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ် ဆီးရီးယားကလေးငယ် ဓာတ်ပုံနဲ့ နှိုင်းယှဉ် ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up