နှစ်ထပ်အမြင့်ကနေ ပြုတ်ကျလာသည့် ကလေးငယ်ကို အန္တာရာယ်ကင်းစွာ ဖမ်းယူ (ရုပ်သံ)

၂ နှစ်အရွယ် ကလေးငယ်တဦး တိုက်အမြင့်ပြတင်းပေါက်ပေါ်ကနေ ပြုတ်ကျလာတာကို အောင်အောင်မြင်မြင် ဖမ်းယူနိုင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တခု မကြာသေးခင်က ဇွန် ၂၆ ရက်နေ့က ထွက် ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ ဆီးရီးယားရွေ့ပြောင်းနေထိုင်က လေးငယ်လေး ဒိုဟာမူဟာမက်ဟာ သူနေထိုင်ရာနှစ်ထပ်တိုက်ရဲ့ ပြတင်းပေါက်ကနေ အောက်ကို ပြုတ်ကျခဲ့တာဖြစ်ပြီး သူမကို အောက်မှာရှိနေတဲ့ အသက် ၁၇ နှစ်အရွယ်အယ်လ်ဂျီးယားလူငယ် ဖူဇီဇာဘတ်က ဖမ်းယူနိုင်ခဲ့ပါတယ်။ ဇာဘတ်ဟာ ဒိုဟာတို့နေထိုင်ရာ ဖာတစ်ခရိုင်ကလမ်းထဲမှာ အလုပ်လုပ်နေသူ ဖြစ်ပြီး သူဟာ ဒိုဟာ ပြုတ်ကျတော့မယ့် အခြေအနေကို ကြိုတင်မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဒိုဟာပြုတ်ကျလာချိန်မှာ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဒိုဟာလေး လည်း ထိခိုက်မိမယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ မီဒီယာတွေ မေးမြန်းရာမှာတော့ ဇာဘတ်က လူသားတဦးအနေနဲ့ သူလုပ်သင့်တာကို လုပ်ဆောင်ခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ ဒိုဟာဟာ သူ့မိခင်ချက်ပြုတ်နေချိန်မှာ ပြတင်းပေါက်နား ရောက်လာခဲ့တာဖြစ်ပြီး သူ့မိဘ တွေက ဇာရက်ကို သူရဲကောင်းတဦးအဖြစ် ချီးကျူးခဲ့ကာ ၃၅ ဒေါ်လာနဲ့ညီမျှတဲ့ တူရကီ ငွေကြေး ၂၀၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up