နည်းပြချုပ်အဖြစ် ကမ်းလှမ်းမှုများ ရှိနေဟု ရွန်နီပြော

နည်းပြချုပ်အဖြစ် ကမ်းလှမ်းတာတွေ ရှိနေတယ်​လို့ အင်္ဂလန်​ တိုက်​စစ်​မှူးဟောင်း ၀ိန်းရွန်နီက ​ပြောကြားလိုက်​ပါတယ်​။ ၀ိန်းရွန်နီဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် အမေရိကန်မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေပါတယ်။ လက်ရှိအချိန်မှာ ကစာသမားဘ၀ကို ဆက်လက်ဖြတ်သန်းနေပေမယ့်လည်း နည်းပြတဦးအဖြစ် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရှိအောင် လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နည်းပြ ချုပ်​အဖြစ်​ ခန့်​အပ်​ဖို့ ​​​အင်္ဂလန်က ကလပ်တွေနဲ့ မေဂျာလိဂ်ကလပ်တွေက ကမ်းလှမ်းတာတွေ ရှိတယ်လို့ ရွန်းနီက​ပြောပါတယ်​။ ရွန်းနီအနေနဲ့ လက်ရှိအချိန်အထိ ဘောလုံးကစားနေပေမယ့်လည်း သူ့ရဲ့အင်္ဂလန်လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ လမ်းပတ်၊ ဂျရတ်၊ တယ်ရီ၊ ပါကား စတဲ့ သူတွေကတော့ သက်ဆိုင်ရာ ကလပ်တွေမှာ နည်းပြအဖြစ် တာဝန်ယူနေကြပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up