မန်ယူအသင်း ခေါင်းဆောင်ဟောင်း အီကွေဒေါကလပ်ကို ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်တစ်ခုအကြာ ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗလင်စီယာဟာ မိခင်နိုင်ငံဖြစ်တဲ့ အီကွေဒေါက လီဂါဒီပိုတီဗာ ယူနီဗာစတီယာအသင်းထံ ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ ရရှိခဲ့တဲ့ ဗလင်စီယာဟာ အောင်မြင်တဲ့ ကစားသမားတဦးဖြစ်ခဲ့ပြိး အီကွေဒေါစံပြကစားသမားတဦးလည်း ဖြစ်ပါတယ်။ ကစားသမားဘဝ အစအဖြစ် အီကွေဒေါကလပ် ကီတိုအသင်းမှာ ကစားခဲ့ပြီး သူ့ရဲ့ခြေစွမ်းကြောင့် ၂၀၀၅ ခုနှစ်မှာ စပိန်ကလပ် ဗီလာရီးရဲကခေါ်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အင်္ဂလန်ကလပ် ၀ီဂန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဝီဂန်အသင်းမှာ တရာသီ ကစားအပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အိုးထရက်ဖိုဒ့်မှာ လာရောက်ကစားခွင့် ရခဲ့ပါတယ်။ နောက်ပိုင်နည်းပြ မော်ရင်ဟို လက်ထပ်မှာတော့ အရန်ခုံထိုင်နေခဲ့ရတာများပြီး အသက်အရွယ်လည်း ရလာတာကြောင့် အသင်းပြောင်းဖို့ တောင်းဆိုထားခဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိခင်နိုင်ငံကလပ်ကို ပြန်လည်ရောက်ရှိနေပြီး ယူနီဗာစတီယာ အသင်းဂျာဆီကိုတောင် ဝတ်ဆင်ထားပြီးဖြစ်ပါတယ်။ ဗလင်စီယာကို မိတ်မဆက်ရသေးပေမယ့် ပရိသတ်ကို သတင်းကောင်းပေးချင်တာကြောင့် တွစ်တာစာမျက်နှာမှာ မိတ်ဆက်ဗွီဒီယို အတိုလေးကို ကနဦးအနေနဲ့ ကလပ်အသင်းက တင်ပေးခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up