တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပ

3K
တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာပညာရေးပြပွဲ ၂၀၁၉ ကို ဇွန် ၂၈ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့တပ်မတော်ခန်းမမှာ ကျင်းပနေပါတယ်။
ပြပွဲမှာတော့ ပြည်တွင်းပြည်ပက တက္ကသိုလ်ကောလိပ်၊ အသက်မွေးဝမ်းကျောင်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းတွေ၊ အင်ဂျင်နီယာနဲ့ ဆေးပညာဆိုင်ရာ သင်တန်းကျောင်းတွေက ပါဝင်ပြသကြမှာဖြစ်ပါတယ်။
အဲဒီကျောင်းတွေကနေ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဝန်ဆောင်မှုတွေနဲ့ ကျောင်းသားလူငယ်တွေအတွက် ပညာရေးအသိပညာပေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Pre School အဆင့်ကနေစပြီး အပြည်ပြည်ဆိုင်ရာကျောင်းတွေအထိ ထိတွေ့တက်ရောက်နိုင်မယ့် ပညာရည်ချွန်ထောက်ပံ့ကြေး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝရရှိနိုင်မယ့် အခွင့်အလမ်းကောင်းတွေပါ လျှောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။
တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲမှာတော့ ကုမ္ပဏီ ၆၀ ကနေ ဆိုင်ခန်းပေါင်း ၈၀ ကို ပြသနေတာလည်း ဖြစ်ပါတယ်။