ပုဂံ​​ရှေး​ဟောင်းဒေသ ကမ္ဘာ့အ​မွေအနှစ်​ စာရင်းဝင်​​​ခွင့်ရရှိ​ရေး ဆု​တောင်းပွဲကျင်းပ

ပုဂံ​ရှေး​ဟောင်းအ​မွေအနှစ်​များ တည်​ရှိရာ​ဒေသကို ကမ္ဘာ့အ​မွေအနှစ်​စာရင်း ဝင်​​ရောက်​ခွင့် ရရှိ​ရေးအတွက်​ ဇွန်လ ၂၇ ရက် ည​နေ ၄ နာရီက ​ပုဂံမြို့​ဟောင်း ​ရွှေဂူကြီး ဘုရားရင်​ပြင်​​တော်​မှာ ပြုလုပ်​ခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်တဲ့  Save Bagan အဖွဲ့က ကိုမျိုးဆက်​စံက “Save Bagan အဖွဲ့အစည်းကို ထူ​ထောင်​ခဲ့တာ ၃ နှစ်​ပြည့်တဲ့​နေ့ဖြစ်​သလို ပုဂံ​​ရှေး​ဟောင်းဒေသ  ကမ္ဘာ့အ​မွေအနှစ်​ဝင်ဖို့ အဖြေထွက်ကာနီးကာလနဲ့ တိုက်​ဆိုင်​​နေလို့ ကမ္ဘာ့အ​မွေအနှစ်​ ​အောင်​​အောင်​မြင်​မြင် ​ဝင်​ပါ​စေဆန္ဒနဲ့ ဆု​တောင်းတာ”လို့ ပြောပါတယ်။ အဲဒီ ဆု​တောင်းပွဲကို ​ဒေသခံ ၅၀ လောက်တက်​​ရောက်​ခဲ့ပြီး သံဃာ​တော်​တွေကို ပင့်​ဖိတ်​ကာ ပရိတ်​တရားနာပြီး လှူဖွယ်​ပစ္စည်းတွေ ဆက်​ကပ်​ကာ ပုဂံကိုစိုးစံခဲ့ဖူး​တဲ့ ပုဂံမင်းဆက်​ ၅၅ ဆက်​ကို အမျှ​ပေး​ဝေ ဆု​တောင်းခဲ့ကြပါတယ်​။ ပုဂံ​ဒေသကို ကမ္ဘာအ​မွေအနှစ်​ စာရင်းဝင်​နိုင်​​ဖို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်က တင်သွင်းထားပြီး လာမယ့် ဇူလိုင်လမှာ အဖြေသိရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up