အမျိုးသားစာပေဆု ထုတ်ပြန်ကြေညာ၊ ၀တ္ထုရှည်ဆု ရသူမရှိ
DVB
·
November 23, 2012
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ဟာ ၂၀၁၁ ခုနှစ် အတွက် ဆုရသူ စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် ၀တ္ထုရှည် ဆုရသူ မရှိကြောင်း သိရပါတယ်။
ဒါဟာ ၂၀၁၁ ခုနှစ်အတွင်း စာပေစိစစ်ရေးရဲ့ ဖိနှိပ်မှုတွေ ရှိနေသေးတဲ့အတွက် ၀တ္ထုကောင်းတွေ ရေးသားထုတ်ဝေခွင့် မရခဲ့တဲ့ အချက်ကြောင့် ဖြစ်မယ် ထင်ကြောင်း ဆရာမောင်သာချိုက ဒီဗွီဘီကို မှတ်ချက်ပေးပါတယ်။
အခြား ဆုအမျိုးအစား ၁၃ ခုအတွက် စာရေးဆရာနဲ့ ကဗျာဆရာတွေဖြစ်တဲ့ ရဲမြတ်တင်၊ ပျဉ်းမနား မောင်နီသင်း၊ ကေသီပန်ဦးလှမြင့်၊ နတ်မောက်ထွန်းရှိန်၊ မောင်စိမ်းနောင် (လယ်ဝေး)၊ ဦးကြည်မြင့် (လသာ)၊ တင်မောင်မြင့်၊ ဦးဝင်းနိုင် (ညွှန်မှူး၊ ငြိမ်း)၊ ဒေါက်တာခင်မောင်ဆွေ၊ သောင်းညွန့်သစ်၊ ငြိမ်းမင်း၊ ကိုကိုမောင်ကြီးနဲ့ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်းတို့ ဖြစ်ကြပါတယ်။
အမျိုးသားစာပေ တသက်တာဆုကိုတော့ စာရေးဆရာကြီး ဦးဝင်းမောင် (မင်းယုဝေ) ကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။