DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊ ကာတွန်း၊ ပိုစတာဆုရသူများကို ဆုချီးမြှင့် 
DVB
·
June 26, 2019
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊ ကာတွန်း၊ ပိုစတာဆုရသူများကို ဆုချီးမြှင့် 
1 / 6
Donate to DVB

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက်မှာ ဒီကနေ့ မနက်က ကျင်းပပါတယ်။

ဗဟိုအဆင့်နဲ့ တိုင်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျုတာပန်းချီ ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို နိုင်ငံတော်က ဆုတွေ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းသားကျောင်းသူ အယောက် ၇၄၀ ရှိခဲ့ပြီး ဗဟိုအဆင့်မှာ ပထမဆု ၆ ယောက် ၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုအပါအ၀င် ဆုပေါင်း ၃၉ ခု နဲ့ တိုင်းဒေသကြီးအဆင့်မှာလည်း ဆုပေါင်း ၉၃ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင် ရန်ကုန်တိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၁၁၄၁ မှုနဲ့ တရားခံပေါင်း ၁၇၅၄ ယောက်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၂၂ မျိုးကို တပြိုင်တည်း မီးရှို့ ဖျက်စီးခဲ့ပြီး တန်ဖိုးငွေကျပ် သန်းပေါင်း ၁၆၃၀၀၀ ကျော် အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013