Home
ရုပျသံ
ရဲတိုက်သရုပ်ဆောင်သည့် ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ဝင်တေး အွန်လိုင်းပေါ် လူကြိုက်များနေ (ရုပ်သံ)
DVB
·
June 25, 2019
64223742_740618526356917_2757099125466988544_o
“ပြောင်းလဲတတ်တဲ့ လောကကြီးကို ထိုင်ငေး… အတိတ်တချို့နဲ့ လုံးပါးနေတုန်း… ဖြေထုတ်ဖို့ခက်တဲ့ ငါ့ပုစ္ဆာတွေထဲ… ရှာဆဲ… အချစ်အတွက်တဲ့… တချို့ကတော့ အသက်ပေး… တချို့ကတော့ အတ္တတွေကြောင့်… ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်းတွေ ကြား” ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ကားထဲက ဇာတ်ဝင် တေးသီချင်း တပုဒ်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ လင်းထက်က သူကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့ကာ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ “အချစ်ဆိုတာ နက်နဲလွန်းတဲ့ သဘော… တစုံတရာ ဖန်တီးရဖို့ခက်… တခါတလေ ငိုရတာမျိုး… အချစ်ဆိုတာ နက်နဲလွန်းတဲ့ သဘော… တစုံတရာ ဖန်တီးရဖို့ခက်… တခါတလေ ငိုရတာမျိုး… ဒါ အချစ်… အချစ်တို့သဘော” 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ မုန်းစွဲ ရုပ်ရှင်ကားနဲ့ ဓာတ်ပုံအကယ်ဒမီထူးချွန်ဆုရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်အတွဲတွေကြောင့် ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ထူးထူးခြားခြား အတွဲတွေအနေနဲ့ ရုပ်ရှင်ကားကြီးတွေမှာ မဆုံ ဖူးကြတဲ့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူး၊ ၀တ်မှုံရွှေရည်တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒဏ္ဍာရီမိုးရုပ်ရှင်ကို လာမယ့် ဇူလိုင်လဆန်းမှာ ပြသသွားမှာဖြစ်ပြီး ခုထွက်ရှိလာတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးကိုတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “မိုးတွေရွာတိုင်း ငိုနေတဲ့လူတစ်ယောက်ရှိတယ်... သင်ရော မိုးတွေရွာတိုင်း တစုံတယောက် ကို လွမ်းနေမိတာမျိုး ဖြစ်ဖူးလား? မိုးတွေရွာတိုင်း ငိုမှာလား… ဒဏ္ဍာရီဆိုတာ တသက်စာတဲ့” လတ်တလောမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးကို ၀င်ရောက်ကြည့်ရှုသူ၊ ပြန်လည် မျှဝေသူတွေနဲ့အတူ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024