DVB Logo
Home
မြန်မာသတင်း
မန္တလေးဆေးရုံကြီးတွင် AH1N1 သံသယလူနာ မရှိသေး
DVB
·
June 25, 2019
မန္တလေးဆေးရုံကြီးတွင် AH1N1 သံသယလူနာ မရှိသေး
1 / 2
Donate to DVB

မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ AH1N1 ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့လူနာ ရောက်ရှိလာတာ မရှိသေးဘူးလို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။  

မန္တလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေး Influenza A H1N1 pdm09 သံသယရှိလူနာ တဦး ရောက်ရှိခဲ့တယ်လို့ သတင်းပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်တဲ့အကြောင်း သက်ဆိုင်ရာက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်နဲ့ နယ်မြို့ကြီးတချို့မှာ လူတွေအသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ ရာသီတုပ်ကွေး AH1N1ရောဂါ ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၀ ရက်အထိ တနိုင်ငံလုံးမှာ လူ ဦး ၆ သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်းက ဆေးရုံတွေမှာ AH1N1နဲ့ပတ်သက်တဲ့ လူနာရောက်ရှိ လာရင် အချိန်နဲ့တပြေးညီ သတင်းပေးပို့ဖို့ ညွှန်ကြားထားပြီး ဇွန် ၂၄ ရက်နေ့ ညနေပိုင်းအထိ = သတင်းပေးပို့တာမရှိသေးဘူးလို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဒေါ်သန်းသန်းမြင့် က  ပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေရောက်ရှိလာရင်လည်း အချိန်မီကုသမှုပေးနိုင်ဖို့ ဓာတ်ခွဲစမ်းသပ် ပစ္စည်းတွေ၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ ကုသဖို့ဆေးဝါးတွေကို ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံကြီးတွေမှာ ပေးပို့ထားပြီးပြီလို့ ဆိုပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ဆက်သွယ်မေးမြန်းရာမှာလည်း AH1N1 လူနာရောက်မလာသေးတဲ့အကြောင်းနဲ့ ရောက်လာရင်လည်း သတင်းထုတ်ပြန်ပေးသွားမယ်လို့ ဆေးလူမှုဆက်ဆံရေးဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  ပါးစပ်နဲ့ နှာခေါင်းကိုကာပြီး ချောင်းဆိုးဖို့၊ နှာချေဖို့၊ ကာကွယ်ပြီးချိန်နဲ့ အများသုံးပစ္စည်းတွေ ကိုင်တွယ်ပြီးချိန်မှာ လက်ဆေးတာ၊ လူထူထပ်တဲ့ နေရာတွေကို မလိုအပ်ပဲ သွားလာတာကို ရှောင်ကြဉ်ဖို့ တုပ်ကွေးဆန်တဲ့ ရောဂါ လက္ခဏာတွေဖြစ်ပွားရင် နီးစပ်ရာ ဆေးခန်းမှာ ကုသဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မန္တလေးဆေးရုံကြီးတွင် AH1N1 သံသယလူနာ မရှိသေး