Home
မြန်မာသတင်း
သစ်တောနည်းဥပဒေမူကြမ်း အကြံပြုဆွေးနွေး 
ထွန်းထွန်းသိန်း
·
June 25, 2019
65293480_2354973764567089_6374092850107252736_n
65186193_2354973617900437_8004203573694955520_n
65041958_2354973684567097_6891187104156483584_o
သစ်တောနည်းဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အကျိုးသက်ဆိုင်သူတွေကို ချပြခြင်းနဲ့ အကြံပြုချက်ရယူတဲ့ အခမ်းအနားကို ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့က နိုင်ငံတကာ စီးပွားရေးစင်တာ IBC မှာ ကျင်းပနေပါတယ်။ သစ်တောဥပဒေကို ၂၀၁၈ ခုနှစ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေထွက်ရှိဖို့ကျန်နေတာပါ။ သစ်တောနည်းဥပဒေ(မူကြမ်း)ကို နေပြည်တော်ကောင်စီအပါ အဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ အကြံပြုချက်ရယူခဲ့ပြီး ရန်ကုန်တိုင်းမှာ နောက်ဆုံး အကြံပြုချက်ရယူတဲ့ အခမ်းအနား ကျင်းပနေတာပါ။ ပဲခူးတိုင်းသစ်တောဌာန တာဝန်ရှိသူကတော့ ပြင်ဆင်ဖြည့်စွက်ရမယ့် အချက် ၇၆ ချက်ကို ပြည်ထောင်စုအစိုးရကို ပေးပို့ထားတယ်လို့ ပြောပါတယ်။ IBC မှာကျင်းပတဲ့ သစ်တောနည်းဥပဒေမူကြမ်းဆွေးနွေးပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောဌာနတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024