DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အားခများ ဇူလိုင် ၁ ရက်က စတင်တိုးမြှင့်ကောက်ခံမည်
DVB
·
June 25, 2019
လျှပ်စစ်ဓာတ်အားခများ ဇူလိုင် ၁ ရက်က စတင်တိုးမြှင့်ကောက်ခံမည်
Donate to DVB

နေအိမ်နှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ် လိုက်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ဖို့ကို ပြည်ထောင်စုအစိုးရကို တင်ပြခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ စတင်တိုးမြှင့် ကောက်ခံမယ်လို့ ထုတ်ပြန်ပါတယ်။

အိမ်သုံးအမျိုးအစားတွေအဖြစ် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး)နဲ့ စီပွားရေးလုပ်ငန်းမပါတဲ့ဘာသာ/သာသနာ အဆောက်အအုံဆိုပြီး ၄ မျိုးသတ်မှတ်ထားပါတယ်။ 

အဆိုပါ ဓာတ်အားသုံးစွဲသူ ၄ မျိုးအတွက် ဓာတ်အားခနှုန်းထားတွေကို ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံမယ်လို့ ထုတ်ပြန်ပါတယ်။

အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေ၊ အန်ဂျီအိုတွေ၊ သံရုံးတွေစတဲ့အမျိုးအစားတွေကိုတော့ ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင်ကောက်ခံမှာပါ။ သုံးစွဲတဲ့ ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမှာဖြစ်ပြီး ယူနစ် ၁ သိန်းကျော်ရင်တော့ ၁၈၀ ကျပ် အမြင့်ဆုံး ကောက်ခံမှာ ဖြစ်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက် ကောင်းမွန်စေဖို့ တိုးချဲ့ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအပြင် မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ် မရရှိသေးတဲ့ဒေသတွေ လျှပ်စစ်ရရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက်နဲ့ ဓာတ်အား ထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ မီတာခကို တိုးမြှင့်ကောက်ခံတာလို့ ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သင့်လျော်တဲ့ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူ တွေကို ကိုယ်စားပြုတဲ့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်တွေ ရယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013