ဇာဟာကို ခေါ်ယူနိုင်ရေး ငွေကြေးပိုထုတ်ပေးရန် အာဆင်နယ်နည်းပြ တောင်းဆို

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူနိုင်ရေး ငွေကြေး ပိုမိုထုတ်ပေးဖို့ အသင်းကို တောင်းဆိုလိုက်ပါတယ်။ နည်းပြ အမ်မရီဟာ အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်မှူး ဇာဟာကို ခေါ်ယူလိုနေတာပါ။ ဒါပေမယ့် ပဲလေ့စ်အသင်းဘက်က ပေါင် ၅၅ သန်းခန့်ရမှ လက်ခံဆွေးနွေးမှာ ဖြစ်တာကြောင့် ၄၅ သန်းပဲ ဘတ်ဂျက်ရထားတဲ့ အမ်မရီအတွက် အခက်အခဲ တွေ့နေရတာပါ။ ဒါကြောင့် ဇာဟာကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးဘတ်ဂျက် ပိုထုတ်ပေးဖို့ အမ်မရီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိ အိုင်ဗရီကို့စ် ကစားသမား ဇာဟာ ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၃၆ ပွဲ ကစားကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up