“ယနေ့လူငယ်နှင့် ပြောင်းလဲလာသော တက္ကသိုလ်ဝင်ခွင့်” ဆွေးနွေးပွဲ ပြုလုပ်
DVB
·
June 23, 2019
အနာဂတ်မှာပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေအကြောင်းနဲ့ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ပြီးတဲ့ လူငယ်တွေရဲ့ ဝါသနာနဲ့ကိုက်ညီတဲ့ဘာသာရပ်တွေ သင်ကြားနိုင်ဖို့ အကြံပြုဝေမျှတဲ့ ဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်နေ့က ရန်ကုန် Lotte ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို "ယနေ့လူငယ်နှင့် ပြောင်းလဲလာသော တက္ကသိုလ်ဝင်ခွင့်" လို့ နာမည်ပေးထားပြီး လူငယ်တွေရဲ့ အနာဂတ်ရွေးချယ်ခွင့်တွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
တက္ကသိုလ်စာမေးပွဲတွေမှာ လာမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျောင်းသားတွေ အနေနဲ့ ဂုဏ်ထူးထွက်တယ်ဆိုတာ မရှိနိုင်တော့ဘူး၊ A, B, C အဆင့်သတ်မှတ်ချက်တွေသာ ရှိတော့မယ်လို့ Crown Education က တာဝန်ရှိသူကပြောပါတယ်။
မိဘတွေအနေနဲ့ ဆယ်တန်းအောင်မြင်ပြီးတဲ့ မိမိတို့ရဲ့သားသမီးတွေက တက်ရောက်မယ့် တက္ကသိုလ်ရွေးချယ်ခွင့်တွေကို လွတ်လပ်စွာနဲ့ အားပေးစေလိုတယ်လို့ ဆိုပါတယ်။
အခုနှစ်တက္ကသိုလ်ဝင် အောင်မြင်ပြီးသူတွေအနေနဲ့ ဝင်ခွင့်ဖြေဆိုခွင့်ရှိတဲ့ တက္ကသိုလ်က အရင် ၁၁ ခု ရှိရာကနေ ၂၀၁၉ ခုနှစ်မှာ တက္ကသိုလ် ၄ ခုထပ်တိုးပြီး တက္ကသိုလ် ၁၄ ခု ရှိလာပြီ ဖြစ်ပါတယ်။
မေစု