Home
သတင်းဓာတ်ပုံ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား မင်းလှမြို့တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
June 23, 2019
65272245_830097764056601_2996660310904930304_n
65268907_830097870723257_5423723536483090432_n
64971298_830097930723251_7972005097230041088_n
64877175_830098080723236_4780476459338694656_n
64852879_830097967389914_303547689818128384_n
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပဲခူးတိုင်း၊ မင်းလှမြို့မှာ ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းက လူအင်အား ၁၀၀၀ လောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဦးဆောင်သူ ဦးမင်းလှိုင်က  မြန်မာနိုင်ငံသားတဦးက နိုင်ငံခြားသားကလေးကို မွေးစားတဲ့ ဥပဒေသတ်မှတ်လိုက်မယ်ဆိုရင် အမျိုးသားရေးရော ဘာသာရေးပါ ထိခိုက်သွားမှာစိုးတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ပြောပါတယ်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာ လူမျိုးခြား ကလေးမွေးစားခြင်း ဥပဒေအလိုမရှိ၊ နိုင်ငံသားမဟုတ်သူများ လွှမ်းမိုးတဲ့အကြံ လက်မခံနဲ့ နိုင်ငံသားမဟုတ်တဲ့ ကလေးသူငယ် မွေးစားခွင့်ကို ကန့်ကွက်ရေးအပါအဝင် ကြွေးကြော်သံ ၁၀ ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ခဲ့တာဖြစ်ပြီး မင်းလှမြို့က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ အမျိုးသားလုံခြုံ​ရေးအတွက်​ က​လေးသူငယ်​ အခွင့်​အ​ရေးဆိုင်​ရာ  ဥပ​ဒေမူကြမ်းနဲ့ပတ်သက်ပြီး ဦးဝင်းကိုကိုလတ်နဲ့ ရှေ့​နေ ဦး​အေးပိုင်​တို့က ဟော​ပြောခဲ့ကြပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024