Home
မြန်မာသတင်း
အေအေက သာသနိကအဆောက်အဦကို အကာအကွယ်ယူ လှုပ်ရှားဟု တပ်မတော်ပြော
နေဖြိုးဝင်း
·
June 23, 2019
အေအေအဖွဲ့အနေနဲ့ တိုက်ခိုက်မှုတွေမှာ လူသားဒိုင်းအသွင် အကာအကွယ်ယူခဲ့သလို အခုအခါမှာ သာသနိက အဆောက်အဦတွေကိုပါ အကာအကွယ်ယူ လှုပ်ရှားလာတယ်လို့ တပ်မတော်က ပြောပါတယ်။ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှာ ဇွန် ၂၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သ တင်းအမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော တာပါ။ “အေအေအဖွဲ့အနေနဲ့ ရွာတွေအနီးအနားမှာ တပ်တွေကို ပစ်ပြီးပြေးတာ၊ ရွာတွေအနီးအနားမှာ မိုင်းထောင်ပြီးတိုက်ခိုက်တယ်၊ လူသားဒိုင်းအနေနဲ့ ရွာတွေကို အကာကွယ်အကွယ်ယူပြီး ဆောင်ရွက်ပါတယ်။ အခုအချိန်မှာ ဘာကို အကာအကွယ်ယူလဲဆိုတော့ သာသနိက အဆောက်ဦတွေပေါ်မှာ အကာအကွယ်ယူပြီး လှုပ်ရှားလာတာ တွေ့ရပါတယ်။” ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က သင်းကျစ်ထောင်ဘုရားကုန်း စစ်ဘေးရှောင်စခန်းလို့ ပြောဆိုတဲ့နေရာမှာ လုပ်သေနတ်တွေ၊ မိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ဆိုပါတယ်။ “စစ်ဘေးရှောင်စခန်းဆိုတဲ့ဟာနဲ့ မလျော်ညီတဲ့ လုပ်သေနတ်တွေ၊ အီးကွေးမန့်တွေ၊ စစ်ပစ္စည်းတွေ သိုလှောင်ထားတာ တွေ့ရပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ယခင်ယခင်တုန်းက ရွာသူရွာသားတွေကို အကာအကွယ်ယူတယ်၊ ပစ်ပြေးသွားတယ်။  တပ်က ထိတွေ့မှုဖြစ်တဲ့ခါမှာ တပ်ကနေ ပစ်တယ်ဆိုပြီး ဦးအောင်စွပ်စွဲတယ်။” ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး ယခင် အဖြူရောင်နယ်မြေအဖြစ် ပြန်ရောက်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်း အစိုးရနဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ သေဆုံး ဒဏ်ရာရရှိတာတွေ ရှိနေသလို ပြည်သူ ၅ သောင်းလောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024