A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၂ ရက် ညနေ ၅ နာရီက The Athenee Hotel , Grand Hall မှာ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံတွေ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ အဖွဲ့အကြီးအကဲတွေ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) က အဖွင့် အမှာစကားပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိတ်ဖက်ပြုမှု တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတို့ကိုလည်း တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up