Live
Home
မြန်မာသတင်း
ကျောင်းဆရာမဖြစ်​​အောင်​ လုပ်​​ပေးမည်​ဟုဆိုပြီး ငွေလိမ်​တောင်းသူကို အမှုဖွင့်အရေးယူ
DVB
·
June 22, 2019
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်​မြို့နယ်​မှာ ​​ပညာရေးဝန်ထမ်း ကျောင်းဆရာမဖြစ်အောင်​ ပြုလုပ်​​ပေးမယ်လို့ ပြောဆိုပြီး  အမျိုးသမီးတဦးဆီကနေ ​ငွေ​ကြေးလိမ်​လည်​ရယူခဲ့သူကို ဇွန်​လ ၁၉ ရက်​​နေ့က အမှုဖွင့်အ​ရေးယူထားတယ်လို့ မိုးကုတ်​မြို့နယ်​ရဲစခန်းက ပြောပါတယ်။ မိုးကုတ်​မြို့နယ်​၊ ကသဲ​ကျောက်​​ဆောင်​​ရပ်​​နေ အမျိုးသမီးတဦးဟာ ခင်​မင်းရင်းနှီးခဲ့တဲ့ ​ကျောင်းဆရာမတ​ဦးရဲ့ ​မောင်​ဖြစ်​သူက ​ကျောင်းဆရာမ​ဖြစ်​​အောင်​လုပ်​​ပေးနိုင်​တယ်လို့ ပြောကာ ​ငွေကျပ်​ ၇ သိန်း တကြိမ် နဲ့ ​ငွေကျပ်​ ၄ သိန်းခွဲ တကြိမ် စုစု​ပေါင်း ငွေကျပ် ၁၁ သိန်းခွဲ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ငွေကျပ်  ၁၁ သိန်းခွဲ တောင်းယူခဲ့ပေမယ့် ပညာရေးဝန်ထမ်း ​ကျောင်းဆရာမဖြစ်​​အောင်​ မလုပ်ပေးနိုင်တဲ့အတွက် ​ငွေပြန်ပေးဖို့ တောင်းခံတဲ့အခါ ပြန်​မ​ပေးတာကြောင့် ငွေလိမ်လည်တောင်းခံခဲ့တဲ့ မိုးကုတ်​မြို့နယ်​၊ ​အောင်​သစ်​လွင်​ရပ်​​နေ ရဲမြင့်​သူ (ခ) အငယ်​​လေး ကို အမှုဖွင့်​လှစ်ခဲ့တာလို့ သိရပါတယ်။ မိုးကုတ်မြို့နယ် ရဲမှူး မင်းခိုင်က "ကျနော်တို့ ၄၂၀ နဲ့ တိုင်ထားတဲ့အတွက် အရေးယူထားပါတယ်'' လို့ ပြောပါတယ်။ ငွေကြေးလိမ်လည်တောင်းခံမှုနဲ့ ပတ်သက်ပြီး ငွေကြေးလိမ်လည်ခံရသူက တိုင်​တန်းတဲ့အတွက် ရဲမြင့်​သူ (ခ) အငယ်ေ​လးကို ကျပ်​ပြင်​နယ်​​မြေရဲစခန်းမှာ ရာ​ဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၄၂၀ အရ အမှုဖွင့်​လှစ် အရေးယူထားတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024