DVB Logo
Home
မြန်မာသတင်း
ပထမဆုံး ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့ စတင်ဖွဲ့စည်း
DVB
·
November 21, 2012
Donate to DVB

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရာမှာ ရခိုင်အမျိုးသမီးတွေအနေနဲ့ တတပ်တအားအဖြစ် ပါဝင်ကူညီနိုင်ဖို့နဲ့ ရခိုင်အမျိုးသမီးဘ၀ ဘက်စုံမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့ကို မနေ့က စတင် တည်ထောင်လိုက်ပါတယ်။

အငြိမ်းစား ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ဥပဒေ၀န်ထမ်းနဲ့ လူမှုရေးမှာ စိတ်ပါဝင်စားသူတွေ ပါဝင်တဲ့ ရခိုင်အမျိုးသမီးတွေဟာ  နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ  စစ်တွေမြို့မှာ  ဆွေးနွေးခဲ့ကြပြီး  ကွန်ရက်ဖွဲ့စည်းလိုက်ကြတာပါ။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရာမှာ ရခိုင်အမျိုးသမီးတွေအနေနဲ့ တတပ်တအားအဖြစ် ပါဝင်ကူညီနိုင်ဖို့ ဖြစ်တယ်လို့ ဦးစီးလုပ်ဆောင်သူတွေက ပြောပါတယ်၊

ရခိုင်အမျိုးသမီးတွေ ကျန်းမာရေး၊ ပညာရေးတွေ တိုးတက်မြင့်မားရေး၊ အကြမ်းဖက်မှုတားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဘ၀လုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်ရေး၊ အမျိုးဘာသာ သာသနာအကျိုးအတွက် ဆောင်ရွက်ရေးတွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အလုပ်အမှုဆောင်အဖွဲ့ဝင် ၃၀ ဦးရှိတဲ့ ကွန်ရက်အနေနဲ့ ဒေသအသီးသီးက အမျိုးသမီးအဖွဲ့၊ အမျိုးသမီးထုတွေနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့   ဒေါ်ညိုညိုအေးက ပြောပါတယ်။

“ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မျိုးမှာဆိုရင် တချို့အမျိုးသမီးတွေဆိုရင် ဘ၀ နာလန်မထူနိုင်လောက်အောင် ဖြစ်သွားတဲ့ အမျိုးသမီးတွေရှိတယ်။ ဒါဆိုရင် ကျမတို့က သူတို့ရဲ့ ဘ၀အာမခံချက်ရနိုင်ဖို့ ကူညီဆောင်ရွက်ပေးမယ်။ နောက်တခုက အမျိုးသမီးတွေက တောသူတောင်သားတွေဆိုရင် နှစ်ဖက်အရေးအခင်းကြားမှာ အပြင်ကို မထွက်ရဲဘူး၊ လုံခြုံမှုမရှိသလို ခံစားနေကြရသူတွေကို သွားပြီး အားပေးမယ်၊ အဲလိုမျိုးပါ စည်းရုံးရေးဆင်းနေပါတယ်၊ ကျမတို့ ရခိုင်ပြည်နယ်အနှံ့သွားမှာပါ။”

အကြမ်းဖက်မီးရှို့မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလတုန်းက ရာနဲ့ချီတဲ့ ရခိုင်အမျိုးသမီးတွေ စစ်တွေမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013