DVB Logo
Home
မြန်မာသတင်း
မြန်မာလူ့အခွင့်အရေး အာမခံချက် ကုလသမဂ္ဂ ကြိုဆို
DVB
·
November 21, 2012
မြန်မာလူ့အခွင့်အရေး အာမခံချက် ကုလသမဂ္ဂ ကြိုဆို
Donate to DVB

ကုလသမဂ္ဂက မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်ကို ကြိုဆိုလိုက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ အကောင်ထည်ဖော် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_28615" align="alignright" width="300" caption="မစ္စတာ ကင်တားနား"][/caption]

နိုင်ငံတကာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်ထဲကို ၀င်ရောက် စစ်ဆေးခွင့်ပေးဖို့၊ အကျဉ်းသားစာရင်းကို ပြန်လည်သုံးသပ်ရေးကို စနစ်တကျ လုပ်ဆောင်ဖို့နဲ့ ရခိုင်ပြည်နယ် အရေးတွေနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေအပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို မြန်မာပြည်မှာ ဖွင့်လှစ်ဖို့ စတာတွေကို မြန်မာအစိုးရက နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာခဲ့တာကို ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါတွေဟာ မြန်မာအစိုးရရဲ့ ထင်ရှားတဲ့ အာမခံချက်ဖြစ်ပြီးတော့ တိုင်းပြည်ရဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ အခြေအနေကို သိသိသာသာ အကျိုးပြုမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ပြောပါတယ်။

ဇွန်လကတည်းက ရာပါင်းများစွာ ထိန်းသိမ်းခံရသူတွေရှိနေတဲ့ ရခိုင်ပြည်နယ်အပါအ၀င် နေရာအနှံ့က ထိန်းသိမ်းရေးစခန်းတွေဆီကို နိုင်ငံတကာနဲ့ လေ့လာစောင့်ကြည့်တဲ့အုပ်စုတွေကို အပြည့်အ၀ သွားခွင့်ပေးတဲ့အတွက်  ထောင်သားတွေနဲ့ ထိန်းသိမ်းခံရသူတွေအပေါ် ကိုင်တွယ်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ရာမှာ အကူအညီဖြစ်စေမယ်လို့ ဆိုပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ အကျဉ်းသားစာရင်းကို စနစ်တကျ ပြန်သုံးသပ်တဲ့အခါမှာလည်း လွတ်မြောက်ပြီး အကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့စည်းတွေ စတဲ့ ဆက်စပ်သူတွေပါဝင်ဖို့လည်း သူက ပြောပါတယ်။

ဒီစနစ်ရဲ့ရလဒ်ဟာ ယုံကြည်ချက်ကြောင့် ကျခံနေတဲ့ အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ မကျန်စေရဘူးလို့လည်း သူက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရက အကျဉ်းသား ၅၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာကိုလည်း ကြိုဆိုပေမယ့် ခြွင်းချက်နဲ့ လွတ်ပေးတာ မဟုတ်စေရဘူးလို့လည်း တောင်းဆိုလိုက်ပါတယ်။

အကျဉ်းသားတွေ လူမှုအဖွဲ့အစည်းအတွင်းမှာ ပြန်လည်အခြေကျရေးအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ဆောင်ပေးရမယ့် ကိစ္စတွေကိုလည်း အသေအချာ ဆောင်ရွက်ပေးဖို့ ကင်တားနားက တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ပိုမို အားရှိအောင်လုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံသားဖြစ်ရေး ကိစ္စတွေကို အစိုးရရဲ့ အာမခံချက်ကိုလည်း ကင်တားနားက ကြိုဆိုလိုက်ပြီး မဟာဗျူဟာတရပ် ချမှတ်ကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013