ချန်နိုင်းမြို့တွင် ရေရှားပါးခြင်းကြောင့် အလှည့်ကျတန်းစီ တိုကင်စနစ်ဖြင့် ရေပေးဝေ

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာ ရေရှားပါးတာကြောင့် အလှည့်ကျတန်းစီ တိုကင်စနစ်နဲ့ ရေပေးဝေတဲ့စနစ်ကို အာဏာပိုင်တွေက စတင်မိတ်ဆက်လိုက်ပါတယ်။ လူဦးရေ ၄ ဒသမ ၆ သန်း နေထိုင်တဲ့ ချန်နိုင်းမြို့ဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေပြတ်လပ်တဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ တိုကင်တခုကို ရေပုံး ၃ ပုံးအထိ သယ်ခွင့်ပြုထားပါတယ်။ မိသားစုဝင် အရေအတွက်ပေါ် မူတည်ပြီး တိုကင်အရေအတွက်ကိုလည်း ခွဲဝေ သတ်မှတ်ပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က မုတ်သုံမိုး နည်းတာကြောင့် ဒေသခံတွေကို အဓိက ရေဖြန့်ဝေပေးနေတဲ့ ရေလှောင်တမံ လေးခုစလုံးဟာ အခုနှစ်နွေရာသီမှာ ခန်းခြောက်သွားပါတယ်။ ချန်နိုင်းမြို့ဟာ အောက်တိုဘာလမှာစတဲ့ အနောက်တောင်မုတ်သုံမိုးကို အဓိက အားထားနေရပေမယ့် ၂၀၁၈ မုတ်သုံကာလမှာ မိုးရေချိန် ပုံမှန်ထက် နည်းခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။ အခုနှစ်မှာလည်း မုတ်သုံမိုး နောက်ကျတာကြောင့် အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတလျှောက်မှာ ရေရှားပါးတဲ့ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ ချန်နိုင်းအပါအဝင် အိန္ဒိယမြို့ပေါင်း ၂၀ ကျော်မှာ ၂၀၂၀ ခုနှစ်အထိ မြေအောက်ရေ ပြတ်လပ်နိုင်တယ်လို့ အစိုးရအကြံပေး အဖွဲ့တဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ သတိပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up