Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်​အဖွဲ့တရားရုံးထုတ်စဉ် ဒေါ်​အောင်​ဆန်းစုကြည်​အတွက်​ မွေး​နေ့ဆု​တောင်း
DVB
·
June 19, 2019
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်​မ ၅၀၅(က)နဲ့  တပ်မတော်က တရားစွဲဆိုထားတဲ့ ​ဒေါင်းတို့မျိုးဆက်  သံချပ်​အဖွဲ့ဝင်​ ၅ ဦးကို မရမ်းကုန်းမြို့နယ်​တရားရုံးမှာ ဇွန်​လ ၁၉ ရက်​​က  ၇ ကြိမ်​​မြောက် ​ရုံးထုတ်​ စစ်ဆေးပါတယ်​။ ​ဒီ​နေ့ရုံးချိန်းအပြီး တရားခွင်​ကထွက်​အလာမှာ တရားစွဲခံထားရတဲ့ ကျောင်းသား လူငယ် တွေက  နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​အတွက်​ ​ မွေး​နေ့ ဆု​တောင်းပေး ခဲ့ကြပါတယ်​။ ပိတ်​ဖြူ​ပေါ်မှာ မင်​နီနဲ့ ရေးထိုးတားတဲ့ ​မွေး​နေ့ဆု​တောင်းစာကို မီဒီယာ​တွေကို မပြသခင်​မှာ တာဝန်​ကျလုံခြုံ​ရေးရဲ​တပ်ဖွဲ့ဝင်တွေနဲ့ စကားများခဲ့ကြပါတယ်​။ ဒီအမှုတွက် တရားလိုပြသက်​​သေ ၅ ဦး တင်​ထားတဲ့အထဲမှာ တ​ဦးက ရန်​ကုန်​တိုင်း​ ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ တယောက်​ဖြစ်ေ​နတဲ့အတွက်​ တရားရုံးက သက်​​သေအဖြစ်​ လက်မခံဘဲ ပယ်​ချလိုက်​တယ်​လို့ ​ဒေါင်းတို့မျိုးဆက်​သံချပ်​အဖွဲ့အတွက်​ လိုက်​ပါ​ဆောင်​ရွက်​​ပေး​ နေတဲ့ ​ရှေ့​နေက​ပြောပါတယ်​။ စုစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024