ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မုံရွာတွင် ပန်းချီပြပွဲကျင်းပ

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းမှာ ပုံစံမျိုးစုံနဲ့ကျင်းပနေကြသလို မုံရွာမြို့မှာလည်း အန်အယ်လ်ဒီပါတီက ဦးဆောင်ကာ ပန်းချီပြပွဲကို ပြုလုပ်နေပါတယ်။ ဒီပန်းချီပြပွဲမှာ မုံရွာမြို့ခံပန်းချီဆရာတွေအပြင် ကလေး၊ ချင်း၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မန္တလေး၊ ရန်ကုန်က ပန်းချီဆရာ ၂၄ ရောက်ရဲ့ ​ရေ​ဆေး၊ ဆီ​ဆေး၊ အခရိုင်းလစ်​၊ ပယ်​စတယ်​၊ ခဲပန်းချီစတဲ့ အနုပညာ ၅ မျိုးနဲ့ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကားချပ် ၈၈ ကားကို ဇွန်လ ၁၉ ရက်ကနေ ၂၃ ရက်အထိ နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ ၅ ရက်ကြာ အခမဲ့ပြသပေးမှာဖြစ်ပါတယ်။ ပန်းချီပြပွဲဖွင့်ပွဲကိုတော့ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ပါတီဝင်တွေ၊ ပြည်သူတွေ၊ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအထောက်အကူပြု သစ်ပင်စိုက်ပျိုးပွဲကိုလည်း သစ်တောဦးစီးဌာနတွေက ပျိုးပင်အခမဲ့ဖြန့်ဝေပြီး စိုက်ပျိုးနေပါတယ်။ သစ်တောဦးစီးဌာနကနေဦးဆောင်ကာ စစ်ကိုင်းတိုင်းအတွင်း ၃၂ မြို့နယ်မှာ သစ်ပင်ပေါင်း ၁၂၆၄၀၇ ပင်ကို စိုက်ပျိုးသွားမှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up