ဒေါ်စုမွေးနေ့ အထိမ်းအမှတ် ရွာသာကြီးတွင် သစ်ပင်စုပေါင်းစိုက်ပျိုး (ဓာတ်ပုံ)
အောင်သူ
·
June 19, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ ရွာသာကြီး သစ်တောဝန်းထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူလူထုတွေက စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။