ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို ရန်ပုံငွေအလွဲသုံးစားပြုဟု အစိုးရရှေ့နေ စွပ်စွဲ

1.1K
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ရန်ပုံငွေ မလျော်မကန် အသုံးပြုတယ်ဆိုပြီး အစိုးရရှေ့နေက ဇွန်လ ၁၈ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
အစိုးရရှေ့နေ တဲရစ်ဆာအတ်က ဟွမ်ဂွယ်ဒိုဟာ ကိုလံဘီယာမှာရှိတဲ့ ဗင်နီဇွဲလားတွေကို ရန်ပုံငွေ ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲလိုက်တာပါ။
ဒီနှစ်ထဲမှာ ဟွမ်ဂွယ်ဒိုအပေါ် သစ္စာခံတဲ့ ဗင်နီဇွဲလားတပ်ဖွဲ့ဝင် ၁၄၀၀ ကျော် ကိုလံဘီယာနိုင်ငံထဲ ထွက်ပြေးခဲ့ပါတယ်။
သမ္မတ မာဒူရိုရဲ့ တပ်ဖွဲ့တွေက လူသားချင်းစာနာတဲ့ အကူအညီပေးရေး ယာဉ်တန်းတွေကို ကိုလံဘီယာနယ်စပ်မှာ မောင်းထုတ်ချိန် ဟွမ်ဂွယ်ဒိုအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက ဖေဖော်ဝါရီ နှောင်းပိုင်းမှာ စတင်ရောက်ရှိခဲ့တာပါ။
ဒါပေမယ့်လည်း အတိုက်အခံလွှမ်းမိုးတဲ့ အောက်လွှတ်တော်အကြီးအကဲဟာ ကိုလံဘီယာနယ်စပ် ကိုကိုတာမြို့မှာ တည်းခိုတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဟိုတယ်စရိတ်တွေကို ရန်ပုံငွေ ထောက်ပံ့တယ်ဆိုပြီး PanAm Post သတင်းစာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖော်ပြပါတယ်။
အဲဒီအစီအစဉ်ကို ဟွမ်ဂွယ်ဒို ကြိုးကိုင်တယ်ဆိုပြီး အစိုးရရှေ့နေ ဆာအတ်က ပြောပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်လို့ စုံစမ်းပေးဖို့ ဇွန်လ ၁၇ ရက်နေ့မှာ ဟွမ်ဂွယ်ဒိုက တောင်းဆိုလိုက်ပြီး စုံစမ်းရေးအတွက် သတင်းအချက်အလက်တွေကို ကိုလံဘီယာ အာဏာပိုင်တွေဆီ လွှဲပေးထားတယ်လို့ သူက မီဒီယာကို ပြောခဲ့ပါတယ်။