DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story လယ်သမား သတင်း

နမ့်ခမ်းမြို့နယ်ရှိ သိမ်းဆည်းခံမြေကွက်များပြန်ရရေး  မူလပိုင်ရှင်လယ်သမားများ တောင်းဆို

  • By နန်းမြနဒီ
  • 19 June 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story
  • 64383133_609937712851871_7534590719973916672_n
  • 64554913_609937516185224_5807513451752325120_n
  • 64697114_609937399518569_7580604972358696960_n
  • 64951850_609937349518574_300300600053071872_n
  • 65087911_609937376185238_3560869084880961536_n
  • 64383133_609937712851871_7534590719973916672_n
  • 64554913_609937516185224_5807513451752325120_n
  • 64697114_609937399518569_7580604972358696960_n
  • 64951850_609937349518574_300300600053071872_n
  • 65087911_609937376185238_3560869084880961536_n

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ မြို့နယ်လယ်ယာစိုက်ပျိုးရေး ဦးစီး ဌာနက မြေကွက်တွေကို မူလပိုင်ရှင် လယ်သမားတွေက ပြန်ပြီးလိုလားနေကြပါတယ်။   

နမ့်ခမ်းမြို့ ပေါက်တိုက်၊  မန့်ခမ်း၊ မန့်နား၊ ကောင်းနောင်မို စတဲ့ရပ်ကွက်ထဲက ဌာနဆိုင်ရာ စပါးအထူးအထွက်တိုးစခန်းနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ နေထိုင်နေတဲ့နေရာတွေဟာ အရင်က ရွာသားပိုင်မြေတွေဖြစ်ခဲ့ပြီး အရင်အစိုးရလက်ထက်တွေက သိမ်းဆည်းခံထားရတာလို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအသင်း အတွင်းရေးမှူး စိုင်းအောင်မြင်က “ပေါက်တိုက်ရပ်ကွက် စခန်း ၃ က မူလပိုင်ရှင်ဟာ တောင်သူလယ်သမားတွေပါ။   အဲဒီ နေရာမှာ ကျနော်တို့ တောင်သူလယ်သမားအသင်းက ဒီကနေ့အစည်းအဝေးလုပ်ဖို့ စာတင်ထားတယ်။ ၁၂ ရက်နေ့ကတည်းက၊ မနေ့ကတော့ ဦးစီးမှူးက ကျနော်တို့ကိုခေါ်ပြီး အဲဒီနေရာ နည်းနည်း အရှုပ် အရှင်းရှိနေလို့ လုပ်ခွင့်မပြုဘဲ သူတို့ရုံးမှာသွားလုပ်ခိုင်းတယ်။  ကျနော်တို့က လူ ၁၀၀ နီးပါးဖိတ်ထားတာ၊ ရုတ်တရက်အစည်းအဝေးနေရာပြောင်းတာ မလွယ်ဘူးဆိုပြီး ညှိနှိုင်းတော့ ပြန်ခွင့်ပြုတယ်။ ဒီမနက် ၉ နာရီ လောက်လည်းကျရော လူတွေလည်းစုံပြီ အဲဒါကို စခန်း တံခါးဖွင့်မပေးဘူး။ အဲဒါကြောင့် လယ်သမားတွေက မကျေနပ်လို့ ဦးစီးမှူးအလိုမရှိဆိုပြီး  အော်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအနီးနားက စိုက်ခင်းတွေထဲမှာဘဲ အစည်းအဝေးလုပ်လိုက်တယ်။ ပြီးတော့ အသိမ်းခံရတဲ့မြေတွေ ပြန်ရအောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်။”

တောင်သူလယ်သမားအသင်းဟာ မြေယာပုံစံ (၇) ရရှိရေးကိစ္စဆွေးနွေးပြီး သိမ်းဆည်းခံ ထားရတဲ့ မြေပေါ်မှာ ဘယ်အဖွဲ့အစည်းမဆို လာရောက်လုပ်ကိုင်တာကို ကန့်ကွက်သွားမယ့် အကြောင်း၊  ဌာနဆိုင်ရာက ၀င်ရောက်နေထိုင်လုပ်ကိုင်နေတဲ့ အဆိုပါမြေ ကွက် ၅ ကွက်ကို မူလ ပိုင်ရှင်လယ်သမားများပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာကို စာရေးတိုင်ကြားထားတာ ၃ ကြိမ်ရှိပြီလို့  သိရပါတယ်။

ဒီတကြိမ်တော့ နိုင်ငံတော်သမ္မတရုံးထိ ထပ်မံတိုင်ကြားမှာ ဖြစ်ပြီး မြေတွေပြန်ရတဲ့ အထိ တောင်သူလယ်သမားအသင်းနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ စိုင်းအောင်မြင်က ပြောပါတယ်။   

အဆိုပါမြေကွက်တွေမှာ ပေ ၈၀၊ ပေ ၆၀၊ ပေ ၁၂၀၊ ပေ ၄၀ လောက်သာရှိတဲ့ မြေကွက်တွေသာဖြစ်ပြီး မူလမြေပိုင်ရှင်က ဒေသခံတွေအကျိုးဆောင်ရွက်ဖို့ နမ့်ခမ်းတောင်သူ လယ်သမားအသင်းကို လှူထားတာလို့ ဆိုပါတယ်။   

ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် လယ်ယာစိုက်ပျိုးရေးဌာနကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးက အစည်းအဝေးကို ပိုအဆင်ပြေတဲ့နေရာ ရွှေ့လုပ်ဖို့ ပြောခြင်းသာဖြစ်ပြီး မြေသိမ်းမှုကိစ္စတွေတော့ သူတို့လို ၀န်ထမ်းတွေအနေနဲ့ ဘာမှပြော ခွင့်မရှိဘူးလို့  ပြောပါတယ်။

“သူတို့အစည်းအဝေးက အထွက်တိုးစခန်းထဲလုပ်ရင် နေရာထိုင်ခင်းတွေ အဆင်မပြေလို့ ပိုကောင်းတဲ့ ကျနော်တို့ စိုက်ပျိုးရေးရုံးမှာဘဲ လာလုပ်ဖို့ ပြောတာပါခင်ဗျ။   ဒီမြေကွက်တွေ ကိစ္စ ကတော့ ကျနော်တို့က အစိုးရ၀န်ထမ်းပဲလေ။ အထက်က တာဝန်ပေးပြီး နေရာချထားပေးတဲ့ နေရာမှာဘဲ နေရတာ၊ ဖယ်ပေးတာ၊ ပြန်ပေးတာ လုပ်လို့မရဘူး၊ ကိုယ်တာဝန်ကျတဲ့နေရာကို ထိန်းသိမ်းဖို့ဘဲ တာဝန်ရှိပါတယ်။ ကျနော်ကတော့ ဒီမှာတာဝန်ကျတာ ၁ နှစ်ကျော်ဘဲရှိသေး တယ်။”

အဆိုပါ မြေတွေဟာအရင် မဆလ၊ န၀တ၊ နအဖလက်ထက်တွေက သက်ဆိုင်ရာက သိမ်းပြီး ဌာနဆိုင်ရာမြေလုပ်ခဲ့ကြောင်း၊ အချို့မြေကွက်မှာ ဘာမှလုပ်ထားတာမရှိဘဲ မြေလွတ်မြေရိုင်း ဖြစ်နေပြီး တချို့မြေကွက်ကတော့ ပိုင်ရှင်ရွာသားတွေမသိဘဲ အာဏာပိုင်တွေက ကုမ္ပဏီကို ရောင်းချထားတယ်လို့ နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအသင်းက ပြောပါတယ်။

Tags: နမ့်ခမ်းမြို့နယ်ရှိ သိမ်းဆည်းခံမြေကွက်များပြန်ရရေး  မူလပိုင်ရှင်လယ်သမားများ တောင်းဆို

  • Previous story မန်ယူတောင်ပံတိုက်စစ်မှူး မာရှယ်ကို ဝက်စ်ဟမ်း ခေါ်ယူလို
  • Next story အွန်လိုင်းတီဗွီနှင့် တရားမ၀င် ဂြိုဟ်တုစလောင်းများကြောင့် ဆိုးရွားသည့်အကျိုးဆက်ဖြစ်နိုင်
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 

    • gallery

      ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း 

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ ပဲခူးမြို့တွင်ကျင်းပ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 04 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 05 ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ပဲခူးတွင် ကျင်းပ (ဓာတ်ပုံ)
    • 01 ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
    • 02 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 03 ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး 
    • 04 ရုရှားမှ တရုတ်ကို ပို့ဆောင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်
    • 05 အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်
    • 01 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 02 မြောင်းမြနှင့် ဖျာပုံတွင် နိုင်ငံတော်အတိုင်ပင်ခံအားထောက်ခံပွဲ ပြုလုပ်
    • 03 ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ထောက်ခံဆန္ဒပြ 
    • 04 ပလက်ဝတွင် စက်လှေတစီး ဗုံးသီးဖြင့်အပစ်ခံရ၊ ၃ ဦးသေဆုံး
    • 05 ကော့သောင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲအားထောက်ခံပွဲနှင့် ဆိုင်းဘုတ်ဖွင့်လှစ်ပွဲကျင်းပ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.