အွန်လိုင်းပေါ်တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ
DVB
·
June 19, 2019
အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ တွေ့ကြုံနေ ရတာကြောင့် အမျိုးသမီးတွေ အင်တာနက်အသုံးပြုမှုကို ရပ်ဆိုင်းဖို့ တွန်းအားပေးနေ တယ်လို့ သုတေသန လေ့လာတွေ့ရှိချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်နည်းပညာ အသုံးပြုတဲ့အလေ့အထနဲ့ပတ်သက်ပြီး ‘ဖန်တီးရာ’ အဖွဲ့က မြို့နယ်ပေါင်း ၆ မြို့နယ်မှာ ၆ လကြာ သုတေသနလေ့လာမှုတခု ပြုလုပ် တွေ့ရှိခဲ့တာ ပါ။
လေ့လာတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံမှာ အင်တာနက်နည်းပညာနဲ့ပတ်သက်ရင် ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက် အသုံးပြုသူက ကျေးလက်ဒေသတွေမှာ ပိုများတယ်လို့ သိရပါတယ်။
အဲဒီထဲက ရာခိုင်နှုန်းထက်ဝက်ကျော်က အမျိုးသားတွေဖြစ်ပြီး အမျိုးသမီးတွေ အင်တာနက် အသုံးပြုမှုကတော့ နည်းပါးနေတာတွေ့ရပါတယ်။
သတင်း/ ဓာတ်ပုံ-စုစု