Home
မြန်မာသတင်း
အွန်​လိုင်း​ပေါ်တွင် အမျိုးသမီး​များ လိင်​ပိုင်းဆိုင်​ရာ စော်​ကားခံနေရ
DVB
·
June 19, 2019
64449562_1052902984917268_5173362801808244736_n
64954747_1052902828250617_4111880674191867904_n
64886001_1052903058250594_5298670134821388288_n
65138736_1052902861583947_260528240819437568_n
64301986_1052902898250610_8730929937306877952_n
အွန်​လိုင်း​ပေါ်မှာ အမျိုးသမီး​တွေအ​နေနဲ့ လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားမှု​တွေနဲ့ ​တွေ့ကြုံ​နေ ရတာ​ကြောင့် အမျိုးသမီး​တွေ အင်​တာနက်​အသုံးပြုမှုကို ရပ်ဆိုင်းဖို့ တွန်းအား​ပေး​နေ တယ်​လို့ သုတေသန လေ့လာတွေ့ရှိချက်အရ သိရပါတယ်​။ မြန်မာနိုင်ငံမှာ အင်​တာနက်​နည်းပညာ အသုံးပြုတဲ့အ​လေ့အထနဲ့ပတ်​သက်​ပြီး ‘ဖန်​တီးရာ’ အဖွဲ့က မြို့နယ်ပေါင်း ​ ၆ မြို့နယ်​မှာ  ၆ လကြာ သု​တေသန​လေ့လာမှုတခု ပြုလုပ်​ တွေ့ရှိခဲ့တာ ပါ။ ​လေ့လာ​တွေ့ရှိချက်​​တွေအရ မြန်​မာနိုင်​ငံမှာ အင်​တာနက်​နည်းပညာနဲ့ပတ်​သက်​ရင်​ ​ဖေ့စ်​ဘုတ်ခ် လူမှုကွန်​ရက် အသုံးပြုသူက ​ကျေးလက်​​ဒေသ​တွေမှာ ပိုများတယ်လို့ သိရပါတယ်​။ အဲဒီထဲက ရာခိုင်​နှုန်းထက်​ဝက်​​ကျော်​က အမျိုးသား​တွေဖြစ်​ပြီး အမျိုးသမီး​တွေ အင်​တာနက်​ အသုံးပြုမှုက​တော့ နည်းပါး​နေတာ​တွေ့ရပါတယ်​။ သတင်း/ ဓာတ်​ပုံ-စုစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024