Home
မြန်မာသတင်း
အေအေပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ရေယာဉ်အတွက် လျော်ကြေး ကျပ် ၄၉၁၀ သိန်းပေး
နေဖြိုးဝင်း
·
June 18, 2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်တံတား(ပလက်ဝ)မှာ အေအေ တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရေယာဉ်ပေါ်က တံတားသံဘောင်နဲ့ ဆက်စပ်ပစ္စည်းတွေအတွက် အာမခံလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စား ဦးမောင်ချေဆိုသူက IKBZ မှာ အလုံးစုံဆုံးရှုံးမှု အကာအကွယ်(Total Loss Only) နဲ့ အပိုအကာအကွယ်ဖြစ်တဲ့ စစ်နဲ့ စစ်အသွင် အကာအကွယ်(War Risk Cover) တို့အတွက် အာမခံထားတဲ့အတွက် အခုလို လျော်ကြေးငွေ ပေးအပ်တာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က "IKBZ ကုမ္ပဏီက ဒီလို တာဝန်ယူမှု၊ တာဝန်သိမှုစိတ်ဓာတ်နဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကျနော်တို့ ဌာနအနေနဲ့ရော၊ နိုင်ငံတော်အနေနဲ့ပါ ပျက်စီးဆုံးရှုံးသွားတဲ့ သံဘောင်ပစ္စည်းတွေ ပြန်လည်သုံးစွဲဖို့ အတိုင်းအတာ တစ် ခုထိ ကုန်ကျစရိတ်သက်သာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုအစားထိုး ပြန်လည်ပေးအပ် ခြင်းကြောင့် တံတား သံပေါင်တွေကို ပြန်လည်ထုတ်လုပ်ပြီး အချိန်မီပြီးစီးအောင် ဆက်လက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် " လို့ ပြောပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ်ကားလမ်းတည်ဆောက်ရေးမှာ အသုံးပြုဖို့လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ တံတားသံဘောင်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်ကို မတ်လ ၁၆ ရက်နေ့က အေအေအဖွဲ့က ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ တာဖြစ်ပါတယ်။ ကားလမ်းတည်ဆောက်ရေးလုပ်ငန်းမှာ ထပ်မံနှောင့်ယှက်မှုတွေ မရှိတော့ဘူးဆိုရင်တော့ မူလ ရည်မှန်းထားတဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ အပြီး တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024