DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာမောင်မျိုးမင်း ကိုယ်တိုင်ဝတ္တုရေးသား ရိုက်ကူးထားသည့် နှစ်ပတ်အလို ရုပ်ရှင် (နမူနာ)
DVB
·
June 18, 2019
ဒါရိုက်တာမောင်မျိုးမင်း ကိုယ်တိုင်ဝတ္တုရေးသား ရိုက်ကူးထားသည့် နှစ်ပတ်အလို ရုပ်ရှင် (နမူနာ)
Donate to DVB

    နာမည်ကြီး အကယ်ဒမီ မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ဝတ်မှုံရွှေရည်နဲ့  အေးမြတ်သူတို့ပါဝင်တဲ့ နှစ်ပတ်အလိုရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကတော့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့ နှစ်ပတ်အလိုကို ရုပ်ရှင်အနေနဲ့ သူကိုယ်တိုင်ပဲ ဒါရိုက်တာအဖြစ် ရိုက်ခဲ့တာဖြစ်ပြီး Film House ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားထဲမှာတော့ အကယ်ဒမီဆုရ နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားခဲ့ကြတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စက်ရုံတရုံကို ဘဏ်မှာ  အပေါင်ခံထားတဲ့အတွက် နှစ်ပတ်အတွင်း ပြန်မရွေးနိုင်ခဲ့ရင် ချိတ်ပိတ်ခံရမှာ ဖြစ်တဲ့အတွက် ဇာတ်ကားတကားလုံးကို နှစ်ပတ်အလိုမှာ ဖြစ်ပျက်မယ့် အကြောင်းအရာတွေအပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကန့်သတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာဖြစ်ပြီး ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်နေရာတွေက ပါဝင်ထားကြမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းဦး၊ ရဲအောင်၊ မျိုးသန္တာထွန်း၊ ချိုပြုံးစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့် ပါဝင်ထားကြပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကားရဲ့ နာမည်ကြောင့် ကော်ပီကားတကားဖြစ်နေတယ်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဒါရိုက်တာ မောင်မျိုးမင်းကတော့ ငြင်းဆိုထားပြီး ဒီဝတ္ထုကို အချိန် ၁၅ လလောက် ကြာအောင် ရေးခဲ့ရတယ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013