Home
မြန်မာသတင်း
မန္တ​လေးမြို့က ၃၈ လမ်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖွင့်လှစ်မည်
DVB
·
June 18, 2019
64848675_890266421338122_4518711448326635520_o
64761182_890266478004783_7051422468430364672_o
64618359_890266248004806_3006996540544778240_o
64457641_890266338004797_5262101950039588864_o
မန္တ​လေးမြို့၊ ၇၈လမ်းနဲ့ ၇၃လမ်းကြားမှာရှိတဲ့ ၃၈လမ်းကို ဇွန်လ ၁၉ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး မန္တ​လေးမြို့ခံတွေ တောင်းဆိုလာပါက အောင်ဆန်းစုကြည်လမ်းလို့ အမည်ပေးဖို့ ဆောင်ရွက်ပေးမယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်က ပြောပါတယ်။ ဒီလမ်းကို အမှတ် ၇၆ ခြေလျင်တပ်မြေနေရာထဲကနေ လမ်းမြေအဖြစ် လှူဒါန်းပေး ခဲ့တာဖြစ်ပြီး မန္တ​လေးမြို့ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ မွေးနေ့မှာ လမ်းသစ်ကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ လတ်တလောမှာ မြို့ခံတချို့က ဒီလမ်းကို အောင်ဆန်းစုကြည်လမ်းလို့ ခေါ်ဝေါ်နေကြပြီး မန္တ​လေးမြို့ခံတွေ တရားဝင်တောင်းဆိုလာပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြပေးမယ်လို့  စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ လမ်းရဲ့အမည်ကို မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် "အောင်ဆန်းစုကြည်" လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ်လို့ မန္တ​လေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကလည်း ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဇွန်လ ၁၆ရက်က ရေးသားခဲ့ပါတယ်။ ၃၈လမ်းကို ဖောက်လုပ်ဖို့အတွက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၂၀၁၇ ခုနှစ်မှာ အမှတ် ၇၆ ခြေလျင်တပ်နဲ့ ညှိနှိုင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပိုင်မြေအတွင်း လမ်းဖောက်ဖို့ ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ မေလမှာ လမ်းဖောက်လုပ်ခွင့်ပြုပေးခဲ့ပြီး မေလပိုင်းကနေ စတင်ကာ တနှစ်လောက်ကြာအောင် ဒီလမ်းကိုပြီးစီးအောင်  ဖောက်လုပ်ခဲ့ရ တာပါ။ အခုဖွင့်လှစ်မယ့်လမ်းဟာပေ ၈၀ အကျယ်နဲ့ ပေပေါင်း ၂၉၀၀ရှည်လျှားပြီး ခြောက်လမ်းသွား နိုင်လွန်ကတ္တရာလမ်းလည်းဖြစ်တဲ့အပြင် တံတား ၄ စင်းနဲ့ ရေမြောင်းတည်ဆောက်တာ၊ SCATS မီးပွိုင့်တပ်ဆင်တာတွေအပါအဝင် ကျပ်သန်းပေါင်း ၁၂၀၀ ကျော် ကုန်ကျခဲ့တယ်လို့လည်း စည်ပင်တာဝန်ရှိသူက ပြောပါတယ်။ အဲ့ဒီလမ်းပေါ်က လျှပ်စစ် လမ်းမီးတိုင် ၆၀ ကိုတော့ Puma Bitumen က လှူဒါန်းပေးခဲ့တာဖြစ်ပြီး သင်္ဂဟဖောင်ဒေရှင်းက လှူဒါန်းမှုနဲ့ ထိုင်းနိုင်ငံကနေ သယ်ယူလာတဲ့ စိန်ပန်းနီ ၁၀၈ ပင်ကိုတော့ လမ်းဘေးဝဲယာမှာ စိုက်ပျိုးထားပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024