Home
မြန်မာသတင်း
ပြည်သူ့ပါတီနှင့် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
DVB
·
June 17, 2019
64636761_1116762598529433_2329400213342519296_o
64590917_1116762628529430_5624696476580970496_o
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ပါတီခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဇွန်လ ၁၇ ရက် မနက်က အန်အယ်လ်ဒီ ပါတီဌာနချုပ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပြည်သူ့ပါတီအနေနဲ့  ပါတီထူထောင်ပြီးတဲ့ အချိန်ကနေစပြီး ဒီနေ့အချိန်ထိ အန်အယ်လ်ဒီ ပါတီနဲ့ တွေ့ဆုံမှုမရှိသေးတာကြောင့် ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံကြတာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်အတွင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတဲ့အကြောင်းအရာတွေကို အလွတ်သဘောပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ရှိပြီး အဲဒီအချိန်တွေ့ဆုံမှုတွေမှာတော့ အကြောင်းအရာအလိုက် တရားဝင်ဆွေးနွေးပွဲလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024