Home
မြန်မာသတင်း
ဟက်ပီးဘတ်ဒေး အမေစု ပန်းချီပြ၌ ပုံတူပန်းချီကား ၁၂၀ ပြသ
ရွှေအောင်
·
June 17, 2019
64781959_679940569117519_4227169136993632256_n
64643028_424854918068227_285201711243460608_n
64511462_324470531812642_8964171211512741888_n
64400407_751682945252247_2890437321474179072_n
64240276_487965175283662_1297561378772484096_n
ဟက်ပီးဘတ်ဒေးအမေစုလို့ နာမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ၁၂၀ ကို ရန်ကုန်မြို့၊ ဗိုလ်ရာညွန့်လမ်းက K Art Gallery မှာ ဇွန် ၁၉ ရက်ကနေ ဇွန်လကုန်အထိ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ပန်းချီဆရာမ စန်းလတ်ရဲ့ လက်ရာပန်းချီကားတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားတွေကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့စိတ်တခုထဲနဲ့ ပုံတူပန်းချီကားတွေကို ရာနဲ့ချီပြီး နေ့မအိပ် ညမအိပ် ရေးဆွဲခဲ့တာလို့ ဆရာမ စန်းလတ်က ဒီဗွီဘီကို ပြောပါတယ်။ ပုံတူပန်းချီကားတွေကို တကားကို  အနည်းဆုံး ကျပ် ၄၀၀၀၀ ကနေ အများဆုံး အမေရိကန်ဒေါ်လာ ၄၀၀၀  အထိ တန်ဖိုးသတ်မှတ်ရောင်းချမှာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၃ နှစ်ပြည့်ခဲ့တုန်းကလည်း အလားတူ ပုံတူပန်ချီကား ၇၃ ကားကို ချိတ်ဆွဲပြသခဲ့ဖူးပြီး အခု ၇၄ နှစ်ပြည့်မွေးနေ့မှာတော့ အသက် ၁၂၀ ရှည်စေသော်လို့ ရည်ရွယ်ပြီး ပန်းချီကား ၁၂၀ ပြသတာ ဖြစ်ပါတယ်။ ရေဆေး၊ ဆီဆေး၊ အခရိုင်လစ်နဲ့ ခဲခြစ်လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးနောက်ဘက်က အရင် ရှုမ၀စာပေတိုက်နားမှာ သွားရောက်ကြည့်ရှု ၀ယ်ယူနိုင်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024