Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲ ဂျပန်တွင်ကျင်းပ
ဇော်ဇော်လှိုင်
·
June 17, 2019
64948758_10219916243394450_760346912338477056_n
64824511_10219916268915088_8627864706616393728_n
64491631_10219916242194420_4583683647701254144_n
64384084_10219916241794410_5467865861731647488_n
64342706_10219916242474427_3139659803916238848_n
64333412_10219916268675082_6536060086928801792_n
64296731_10219916241714408_2042371929817481216_n
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ အကြိုဆုတောင်းနဲ့ စတုဒီသာအလှူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ တခဒနောဘဘ (Takadnobaba) မြို့မှာ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းနဲ့ စတုဒီသာ အလှူပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအပါအ၀င် ဂျပန်လူမျိုး ၄၀၀ နီးပါး တက်ရောက်ခဲ့ကြ ပါတယ်။ လာရောက်သူတွေကို မြန်မာရိုးရာ အစားအစာတွေ အခမဲ့ကျွေးမွေးခဲ့ပြီး ပွဲတော်မှ ကောက်ခံရရှိငွေတွေကို မြန်မာနိုင်ငံအတွင်းရှိ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်တာဝန်ယူထားတဲ့ NAC (NLD AIDS CENTER) ရှိ ဝေဒနာရှင်တွေနဲ့ မိဘမဲကလေးတွေကို တနေ့တာ အာဟာရအဖြစ် ဇွန် ၁၉ ရက်နေ့မှာ ကျွေးမွေးလှူဒါန်းသွားမယ်လို့ ပွဲဦးဆောင်သူတွေက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ မနက်ပိုင်းကလည်း GOTENBA အရပ်ရှိ ငြိမ်းချမ်းရေးစေတီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၄ နှစ်ပြည့် မွေးနေ့အကြို ဂါရဝပြုပွဲနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024