Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ပြိုကျစေတီတော်အတွင်းမှ ဆင်းတုတော် ၉၄ ဆူ တွေ့ရှိ
DVB
·
June 16, 2019
64657916_3242683082423950_7941776138148249600_n
64483807_3242683075757284_4012148750439940096_n
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ ပြိုကျပျက်စီးနေတဲ့ စေတီတော်အတွင်းမှ  သက်တမ်း နှစ် ၇၀ ရှိ အရွယ်အစားမျိုးစုံ ငွေ/ကြေး ဆင်းတုတော် ၉၄ ဆူ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇီးကုန်းကျေးရွာ လယ်ပြင်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဆောင်တဲ့ ကျေးရွာသူ/သားတွေဟာ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက အဆိုပါဘုန်းကြီးကျောင်းအတွင်း ပြိုကျပျက်စီးနေတဲ့ စေတီတော်အဟောင်းမှ အုတ်တွေကို စေတီတော်အသစ်တည်ဆောက်ရာမှာ အသုံးပြုဖို့ သယ်ယူစဉ် တွေ့ရှိခဲ့တာပါ။ သက်တမ်း နှစ် ၇၀ ခန့်ရှိ ပရိုးဆင်းတုတော် ၅၁ ဆူ၊ ကြေးဆင်းတုတော် ၃၃ ဆူ၊ ငွေဆင်းတုတော် ၉ ဆူ၊ နဂါးရုံဆင်းတုတော် ၁ ဆူ၊ ရှင်ဥပဂုတ္တပုံတော် ၂ ခု၊ ငွေကျောင်းဆောင် ၁ ခု၊ ငွေပုရပိုက် ၂ ခု၊ ဓာတ်တော်ကြုတ် ၁ ခု၊ ရွှေကြုတ် ၁ ခု၊ ကြေးပြဿဒ် ၃ ခု၊ ကျောက်နီ ၂ လုံး၊ မီးခိုရောင်ကျောက် ၂ လုံး အစရှိတဲ့ အရွယ်အစားမျိုးစုံ ဆင်းတုတော်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024