သံချပ်ကာဘီးတပ် ဘန့်လေကား (ရုပ်သံ)

ရုရှားကားဝါသနာအိုးတယောက်ဟာ ဘန့်လေကားကို သံချပ်ကာဘီးတပ်ပြီး သူ့စိတ်ကူးကို ထုတ်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံက လမ်းတွေဟာ ကြမ်းတယ်လို့ နာမည်ကြီးပေမယ့် သင်ဟာ တင့်ကားတစ်စီးကို မောင်းမယ်ဆိုရင်တော့ မကြမ်းတော့ပါဘူး။ ဒါမှမဟုတ်  ကားဝါသနာအိုး ဇန်လူစကီလို ဘန့်လေကားမှာ ထူးထူးခြားခြား သံချပ်ကာဘီး တပ်မယ်ဆိုရင်လည်း မောင်းလို့ ဖြစ်ပါတယ်။ အာထရာတန့်ခ်ဆိုပြီး နာမည်ပေးထားတဲ့ကားဟာ မောင်းရလွယ်တယ်လို့ ဇန်လူစကီက ဆိုပါတယ်။ မော်တော်ကားနဲ့ တခြားယာဉ်တွေမှာ သူရဲ့ ဖန်တီးမှုတွေကို  လူတွေ စိတ်ဝင်စားတဲ့အတွက် ဇန်လူစကီဟာ ယူကျူ့မှာ ပရိသတ် ၃ ဒသမ ၇ သန်း ရထားပါတယ်။ “ကျနော် စိတ်ကူးတခုရတယ်။ အားလုံး အဆင်သင့်ရနေချိန်မှာ ဘယ်လို အသစ်တခုကို ဖန်တီးမလဲပေါ့နော်။ ကျနောတို့ သံချပ်ကာဘီးတပ်ယာဉ်တစီဖန်တီးထားတယ်။ အဲဒီကားကို ယာဉ်မောင်းလိုင်စင် (ခ) အဆင့်ရတဲ့  ဘယ်သူမဆို တက်မောင်းလို့ ရတယ်။ ကားစက်နှိုး မောင်းရုံပဲ။ အဓိက ပြောချင်တာ အဲဒါပဲ။” လို့ ကားပိုင်ရှင် ကွန်စတန်တင်း ဇန်လူစကီ ကပြောပါတယ်။ ဒီလိုမျိုးကို ဆီဒင်ကားကို သံချပ်ကာဘီးတပ်တဲ့အလုပ်မှာ နည်းပညာပိုင်း စိန်ခေါ်မှု အများကြီးရှိတယ်လို့ ဇန်လူစကီက ဆိုပါတယ်။ ဒီလိုမျိုးပြောင်းလဲရာမှာ spare parts တွေအတွက် ဘယ်လောက်ဘယ်မျှကုန်သလဲ ဆိုတာကို သူမပြောပေမယ့် ဘန်လေကားဟာ ရုရှားမှာ ရနိုင်တဲ့ ဈေးအပေါဆုံး ကားဖြစ်တယ်လို့တော့ ဆိုပါတယ်။ ဇန်လူစကီရဲ့ နောက်စိန်ခေါ်မှုကတော့ သူရဲ့ မွေးရပ်မြေ စိန့်ပီတာစဘတ်မြို့ကို မထိခိုက်တဲ့  ရာဘာကားတွေ ဖန်တီးဖို့ ဖြစ်ပါတယ်။ အဲဒါကို ဖန်တီးဖို့တော့ သူဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရသေးပါဘူး။ ဒါပေမယ့် သံချပ်ကာ ဘီးတပ်ကားကို ပြင်ဆင်ပြီး ဒီနွေအကုန်အထိ ဆက်စခန်း သွားနိုင်မယ်လို့ သူက  မျှော်လင့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up