Home
မြန်မာသတင်း
ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲ ဒီမောဆိုတွင် ကျင်းပ
နော်နိုရင်း
·
June 15, 2019
ပြည်သူ့အသံ တို့အားမာန် သီဆိုကျူး ငြိမ်းချမ်းရေး ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲ တခုကို ဒီကနေ့ ကယားပြည်နယ် ဒီမောဆိုမြို့ စိန်ဂျိုးဇက် ကက်သလစ်ဓမ္မရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြား ရင်းနှီးလာအောင်နဲ့ ပြည်သူလိုလားတဲ့ ငြိမ်းချမ်းမှု ပြည်သူ့အသံကို နားထောင်နိုင်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးသီးချင်းပြိုင်ပွဲကို ကျင်းပရတာလို့ ပြိုင်းပွဲကို ဦးဆောင်ကျင်းပတဲ့ အလင်းသစ်လူမှုအဖွဲ့ တာရိုက်တာ ဒေ့ဗစ်ဒီးဒီက ပြောပါတယ်။ “ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ကျနော်တို့ လူထုတွေ ဘယ်လိုခံစားမှုရှိပါတယ်။ ကျနော်တို့ရဲ့ ဒေသခံ လူငယ်မောင်မယ်တွေ ဘယ်လို ခံစားပါတယ်ဆိုတာကို တနိုင်ငံလုံးမှာရှိတဲ့ လူတွေ၊ နောက် ငြိမ်းချမ်းရေးကို ပြောဆိုဆွေးနွေးတဲ့ ခေါင်းဆောင်ကြီးတွေ ကြားသိအောင် ထုတ်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။” ဒါ့အပြင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲလောက်နဲ့သာမဟုတ်ဘဲ ဒေသခံ လူထု လိုလားတဲ့ ငြိမ်းချမ်းရေးဟာ ဘယ်လိုပုံစံမျိုးဖြစ်တယ်။ သူတို့တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘာတွေဖြစ်ပါတယ်ဆိုတဲ့ဟာကို ထုတ်ဖော်ပြီးတော့ သူတို့ဆီကနေတဆင့် ပြောဆိုဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ ထည့်သွင်းစဉ်းစားလာအောင် ရည်ရွယ်ပြုလုပ်တာလို့  ပြောပါတယ်။ ငြိမ်းချမ်းရေးလို့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတဲ့အချိန်မှာ လူငယ်တွေရဲ့အသံမကြားရ တဲ့အတွက် လူငယ်တွေရဲ့အသံကြားရအောင် သီချင်းပုံစံနဲ့ လူငယ်တွေ ကိုယ်တိုင်ရေးပြီး သူတို့ ဖြစ်ချင်တဲ့ ငြိမ်းချမ်းရေပုံကို သီချင်းနဲ့ ဖန်တီးပြီး လူတွေကို မက်စေ့ပေးတဲ့ ပုံစံနဲ့ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတာလည်း ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲကို ဒီမောဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်နားတ၀ှက်က လူငယ် ၁၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီပြိုင်ပွဲကနေ ထွက်လာတဲ့ လူငယ်တွေရဲ့ တေးသီချင်းတွေကို ခွေထုတ်ပြီး အများပြည်သူကြား ပြန်လည်ဖြန့်ဝေမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒီမောဆိုမြို့နယ် ၄ မိုင်မြေနီကုန်းရွာက ကိုဇော်ဝင်းထွန်းက “ကျနော်က သီချင်းဆိုဝါသနာတအားပါလို့ ဆိုလည်းဆိုတယ်။ ရေးလည်းရေးတယ်။ ကျနော်ကတော့ ဒီထက်မက ပိုပြီးမှ ငြိမ်းချမ်းစေချင်တယ်။ ကျနော်တို့ ပြည်သူတွေ ဒီထက်မက ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နိုင်ခွင်နဲ့ ကျနော်တို့ အကုန်လုံးငြိမ်း ချမ်းနိုင်ရင်တော့ ပိုကောင်းမယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲကို ကျင်းပတာဟာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က မိုးဗြဲမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ၁၅ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024