Home
မြန်မာသတင်း
မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို ပထမအကြိမ် ရုံးထုတ်စစ်ဆေး
DVB
·
June 14, 2019
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို ဒီကနေ့ ဇွန်လ ၁၄ရက်က ရန်ကုန်  ဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က တရားလို လုပ်တိုင်တန်းခဲ့တာဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးက  ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ၀ရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို ဇွန်လ ၁၀ရက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဆည်ရွာအုပ်စု၊ ကုန်းကံရွာရှိ သူ့ရဲ့ ယောက္ခမနေအိမ်မှာ  မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သီဟမျိုးနိုင်ကတော့ ရဲစခန်းမှာ ကိုယ်တိုင် လာရာက်အဖမ်းခံတာပါ။ ယောက္ခမဖြစ်သူ ဦးကျော်မောင်ဟာလည်း ၀ရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို လက်ခံထားမှုနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၆ နဲ့ အမှုဖွင့် အရေးယူခံထားရပါတယ်။။ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ဟာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္စလာမ်ဘာ သာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်ကို မေလ ၁၅ ရက်ညက မျိုးချစ်အဖွဲ့ အမည်ခံ လူတစုကလာရောက် ပိတ်ပင်တားဆီးခဲ့တဲ့ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခံရ တာလည်းဖြစ်ပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး   လာမယ့် ဇွန်လ ၂၁ရက်မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024