တာချီလိတ်လေဆိပ်တွင် ပတ္တမြားဟုယူဆရသည့် ကျောက်ရိုင်းတုံးများ သိမ်းဆည်းရမိ

တာချီလိတ်လေဆိပ်မှာ ပတ္တမြားကျောက်နဲ့ မဟူရာကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၄၆ ခဲ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက  ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၄၀ အချိန်က တာချီလိတ်မြို့ လေဆိပ် ဝန်ထမ်းတွေနဲ့ တာချီလိတ်လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူပေါင်းအဖွဲ့တို့ဟာ ဟဲဟိုးက တာချီလိတ်ကို ဆိုက်ရောက်လာတဲ့ Air KBZ လကြောင်းလိုင်း လေယာဉ်အမျိုးအစား ATR-72၊ လေယာဉ်အမှတ် XY-AJT၊ ခရီးစဉ်အမှတ် K7-703 မှ Cargo ပစ္စည်းတွေကို X-Ray စက်နဲ့ စစ်ဆေးခဲ့ရာမှ သိမ်းဆည်းမိခဲ့တာပါ။ စစ်ဆေးစဉ် မယေ့ရှမ်း(ခ)မအမ်း အမည်နဲ့ စက္ကူဖာ ၁ ခုအတွင်း နို့မှုန့် ၄ ထုပ်စီပါရှိတဲ့ Mead Johnson စာတမ်းပါ စက္ကူဖာ ၂ ခုအတွင်း ထည့်ထားတဲ့ ပတ္တမြားကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၄၅ ခဲ၊ မဟူရာကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၁ ခဲ၊ စုစုပေါင်းအလေးချိန် ၀.၂၅ ကီလို (တန်ဖိုး-စိစစ်ဆဲ) အား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မယေ့ရှမ်း(ခ)မအမ်း (ဖမ်းမိ)အား တာချီလိတ်မြို့မရဲစခန်း (ပ)၃၂၂/၂၀၁၉၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up