DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story မှုခင်း သတင်း

ကျောက်တန်းရွာ ပစ်ခတ်မှုဖြစ်စဉ် ကွင်းဆင်းစုံစမ်းစစ်ဆေးတွေ့ရှိချက် ကော်မရှင်ထုတ်ပြန်

  • By DVB
  • 13 June 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကွင်းဆင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ  တပ်မတော်က ရွာသား ၂၇၅ ဦးကို ထိန်းသိမ်းထားစဉ်  ပြီးခဲ့တဲ့ မေလ ၅ ရက် မနက် ၂ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ကြောင့် ရွာသား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မေလ ၂၈ ရက်ကနေ ၃၀ရက်ထိ  အခင်းဖြစ်ပွားရာ ဒေသကို ကွင်းဆင်းသွားရောက်ပြီး ဒဏ်ရာရသူတွေ၊ သေဆုံးသွား သူတွေရဲ့မိသားစုတွေ၊ လုံခြုံရေးတာဝန်ယူခဲ့တဲ့ တပ်ရင်းမှူးနဲ့ တပ်သားတွေနဲ့ အလောင်းတွေကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန် အပါအ၀င်  စုစုပေါင်း ၃၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

တွေ့ဆုံမေးမြန်းချက်တွေအရ ခေတ္တထိန်းသိမ်းထားသူတွေထဲက  ရွာသားတဦးက ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ အပေါ်ကို ပစ်ခတ်မှု စတင်ခဲ့ တာလို့ ယေဘုယျအားဖြင့် ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ခြောက်လှန့်ပစ်ခတ်စဉ်မှာ ထိန်းသိမ်းထားသူတွေထဲက စိတ်မနှံ့သူ တဦးက အော်ဟစ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကြောင့် လုံခြုံရေးတာဝန် ကျသူတွေက  ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေးဖို့ ကြိုးစားသူတွေကို ဟန့်တားဖို့ လုံခြုံရေးတာဝန်ကျသူတွေက အပေါ်ကို ထောင်ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့ပေမယ့် တချို့က ကင်းအဖွဲ့ရှိရာကို ပြေးဝင်လာလို့ ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ အေအေ အဖွဲ့ဝင်တွေဟာ ကျေးရွာထဲမှာ ရွာသားတွေနဲ့  ရောနှောဖုံးကွယ်နေ တယ်လို့ သတင်းရလို့ စိစစ်ဖော်ထုတ်ဖို့ ဆောင်ရွက်ရာကနေ ဖြစ်ပွားခဲ့တာလို့ သိရတဲ့အကြောင်း လည်းကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာသားတချို့အပေါ် သံသယရှိသလို ပစ်ခတ်မှုဖြစ်စဉ် ကြောင့် ကျေးရွာသားတွေဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေအကြား အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကော်မရှင်က အကြံပြု ပါတယ်။

ဒါ့အပြင် နောင်မှာအလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေဖို့အတွက် သက်ဆိုင်သူတွေက ဂရုပြု ဆောင်ရွက်သင့်တယ်လို့လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ရွာသားတွေကတော့ ဦးသံခဲအောင်၊ ဦးဇော်လတ်၊ မောင်သန်းဦး၊ ဦးခမွီးချေ၊ ဦးထွန်းရွှေဝင်း နဲ့ ဦးမောင်ဝင်းတို့ ဖြစ်​​ကြပါတယ်။ ကျောက်​တန်း​မှာ အေအေနဲ့ ပက်သက်တယ်ဆိုပြီး သံသယနဲ့ ထိန်းသိမ်းစစ်ဆေးနေတဲ့ ရွာသား ၂၇၀ ကျော်ကိုတော့ တပ်မတော်က ပြန်လွှတ်ပေးခဲ့ပြီး ဒီထဲကတချို့ကိုတော့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးထားပါတယ်။

ကျောက်တန်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးနေပြီး ဥပဒေနဲ့ ညီညွတ်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောထားပါတယ်။

Tags: ကျောက်တန်းရွာ ပစ်ခတ်မှုဖြစ်စဉ် ကွင်းဆင်းစုံစမ်းစစ်ဆေးတွေ့ရှိချက် ကော်မရှင်ထုတ်ပြန်

  • Previous story လာမည့်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁ တွင် မန်ယူနှင့် ချဲလ်ဆီး တွေ့ဆုံ
  • Next story အိန္ဒိယကို ဝင်ရောက်မည့် ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းပြောင်း
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 

    • gallery

      ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း 

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ ပဲခူးမြို့တွင်ကျင်းပ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 04 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 05 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 01 ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
    • 02 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 03 ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး 
    • 04 ရုရှားမှ တရုတ်ကို ပို့ဆောင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်
    • 05 အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်
    • 01 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 02 မြောင်းမြနှင့် ဖျာပုံတွင် နိုင်ငံတော်အတိုင်ပင်ခံအားထောက်ခံပွဲ ပြုလုပ်
    • 03 ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ထောက်ခံဆန္ဒပြ 
    • 04 ပလက်ဝတွင် စက်လှေတစီး ဗုံးသီးဖြင့်အပစ်ခံရ၊ ၃ ဦးသေဆုံး
    • 05 ကော့သောင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲအားထောက်ခံပွဲနှင့် ဆိုင်းဘုတ်ဖွင့်လှစ်ပွဲကျင်းပ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.