ရုပ်သံသတင်းထောက် ၁ ဦးနှင့် အောင်သပြေရွာသား ၂ ဦး တို့ကို ရုံးထုတ်
DVB
·
June 13, 2019
ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ မန္တလေးကသတင်းထောက် ၁ ဦးနဲ့ အောင်သပြေကျေးရွာက ဒေသခံ ၂ ဦး တို့ကို ဇွန်လ ၁၂ ရက်က မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
မန္တလေးအခြေစိုက် Channel Mandalay TV ကရုပ်သံသတင်းထောက် ကို အောင်ကြည်မြင့် (ခ) နန္ဒတကိုယ်တော်နဲ့ အောင်သပြေကျေးရွာသား ကိုမင်းနိုင်နဲ့ ကိုချစ်မင်းသူ တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ၄၃၅၊ ၁၁၄ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားတာပါ။
ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ဆန္ဒပြတုန်း ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပဋိပက္ခဖြစ်ပြီး ရွာသား ၂ ယောက် အဖမ်း ခံခဲ့ရတာပါ။
သတင်းထောက် ကိုအောင်ကြည်မြင့်ကတော့ အောင်သပြေဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ပဋိပက္ခဖြစ်စဉ်မှာ သတင်းဌာနအတွက် တိုက်ရိုက်တင်ဆက်နေတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။