Home
မြန်မာသတင်း
မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် သင်းခွေချပ်အခွံ ပိဿာ ၄၀ ခန့် ဖမ်းဆီးရမိ
DVB
·
June 12, 2019
62258289_885875795110518_5790560889417498624_n
62351880_885875835110514_3898539628440846336_n
62306191_885875731777191_6845998404615536640_n
မန္တ​လေးတိုင်း၊ ပုသိမ်​ကြီးမြို့နယ်​ ၁၆ မိုင်​စစ်​​ဆေး​ရေးဂိတ်​မှာ ခရီးသည်​တင်​ယာဉ်​နဲ့ တရားမဝင်​ သယ်​​ဆောင်​လာတဲ့ သင်း​ခွေချပ်​အခွံ ပိဿာ ၄၀ လောက် ဖမ်းဆီးရမိခဲ့တဲ့အတွက် ဇီဝမျိုးကွဲဥပဒေအရ အမှုဖွင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဇွန်​လ ၉ ရက်​​ည ၈ နာရီခွဲခန့်​က ပုသိမ်​ကြီးမြို့နယ် ​သစ်​​တောဦးစီးဌာန၊ အ​ကောက်​အခွန် ​ဦးစီးဌာနက တာဝန်​ရှိသူတွေ ပါဝင်​တဲ့ ပူး​ပေါင်းအဖွဲ့ဟာ သက်​​သေတွေနဲ့အတူ ခရီးသွားယာဉ်​ တွေကို စစ်​​ဆေးတဲ့အခါမှာ ခရီးသည်​ယာဉ်​တစီးရဲ့ ယာဉ်​​မောင်းဟာ ယာဉ်​ကို ထားရစ်ခဲ့ပြီး ထွက်​​ပြေးသွားတာကို တွေ့ရှိရတဲ့ အတွက်​ အဆိုပါယာဉ်ကို စစ်​​ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်​​ဆေးရာမှာ သင်း​ခွေချပ်​အ​ကြေးခွံတွေ ထည့်ထားတဲ့ အိတ်​ ၉ လုံးအတွင်းက  တန်​ဖိုး​ငွေ ကျပ်​ ၉၉၉၀၀၀၀ ရှိ သင်းခွေချပ်အခွံ ၃၉.၉၆ ပိဿာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီလို သိမ်းဆည်းရမိခဲ့တဲ့အတွက် သင်း​ခွေချပ်​အခွံတွေသယ်​​ဆောင်​လာတဲ့ ယာဉ်​​မောင်း၊ သင်းေ​ခွချပ်​ပိုင်​ရှင်​နဲ့ ယာဉ်​ပိုင်​ရှင်​တို့ကို အုန်း​ချောနယ်​​မြေရဲစခန်းက ၂၀၁၈ ခုနှစ်​ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​ရေးနယ်​​မြေများ ကာကွယ်​​စောင့်ရှောက်​​ခြင်း​ဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၄၁(က) အရ အမှုဖွင့်လှစ်ထားပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-သစ်တောဦးစီးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024