ကျော်ကိုကို၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာအသင်းက စင်ကာပူကို အနိုင်ရ (ရုပ်သံ)
Published By
DVB | 12 June, 2019
1.3K
0
Share
0
Comment
0
Likes
VIDEO
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဇွန်လ ၁၁ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ရာဂျူလိုဗစ်အတွက် အဖွင့်လှပခဲ့ပါတယ်။
မြန်မာအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ တိုက်စစ်မှူး ကျော်ကိုကိုက အောင်သူရဲ့ ပေးပို့မှုကနေ အနီးကပ် ကန်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပွဲချိန် ၂၅ မိနစ်မှာ စင်ကာပူတိုက်စစ်မှူး ဂါဘရီယယ်ကွက်ခ်က ချေပဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ကျော်ကိုကိုကပဲ ဂိုးသမားနဲ့အတွေ့မှာ ကန်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာ စင်ကာပူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူတွေ အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။
မြန်မာအသင်းကတော့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲဟာ မြန်မာနည်းပြ မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ်အတွက် လက်ရွေးစင်အသင်းနဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရခဲ့လို့ အဖွင့်လှခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။