Home
မြန်မာသတင်း
ငွေအလွဲသုံးစားလုပ်မှုကိစ္စ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေ
DVB
·
June 11, 2019
49351190_2076931959035980_8033607134551736320_n
သတင်းသမားတွေကို အင်္ဂလိပ်စာသင်တန်းပို့ချဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(MPC)က ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး ကောင်စီဝင်တဦးက အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဇွန် ၁၀ ရက်က စတင် စစ်ဆေးနေပါတယ်။ အဖွဲ့ဝင် ၄ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလို့ရတဲ့အချက်အလက်ကိုပဲ သတင်းမီဒီယာကောင်စီကို ပြန်တင်ရမှာဖြစ်ပြီး ကျန်တဲ့အရေးယူမှုအပိုင်းကိစ္စကတော့ ကောင်စီကပဲ ဆုံးဖြတ်သွားမယ်လို့ စစ်ဆေးရေးကော်မတီဝင် တဦးဖြစ်တဲ့ ရှေ့နေ ဦးကျော်ဇေယျက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့သူတွေကိုခေါ်ယူမေးမြန်းပြီး အချက်အလက်ယူတာတွေ လုပ်နေပြီဖြစ်သလို စစ်ဆေးမှုက အချိန် အများဆုံး သီတင်း ၂ ပတ်လောက်ပဲကြာမယ်လို့ လည်းပြောပါတယ်။ အခုလို ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ပတ်သက်လို့ မြန်မာအမျိုးသမီးသတင်းများအဖွဲ့က သူတို့အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ဇွန်လ ၉ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီကြေညာချက်ထဲမှာတော့ သတင်းထောက်တွေ အင်္ဂလိပ်သင်တန်းအတွက် နေရာသာပေးခဲ့တာဖြစ်ပြီး ငွေကြေး အပေးအယူကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဝင်တွေကို အကြောင်းကြားပြောဆိုတာမရှိသလို ငွေကြေးအရလည်း ပတ်သက်မှု မရှိဘူးလို့ ဖော်ပြ ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024